Thursday, May 7, 2015

အင်တာဗျူးဖက်ရှင် – အလုပ်အင်တာဗျူးသို့ မဝတ်သွားသင့်သည့် အဝတ်အစားများ -

ယခုခေတ်မှာ အလုပ်အင်တာဗျူးကို ဘယ်လို ပုံစံဝတ်ဆင်သွားရမလဲ လို့ လူ (၁၀၀) ကို မေးကြည့်မယ်ဆိုရင်၊ အများစုက “ခပ်ရိုးရိုးပဲ ဝတ်သွားပါ” လို့ ပြောကြမှာ သေချာပါတယ်။

အဝတ်အစားဆင်ယင်မှုအတိုင်ပင်ခံ နှင့် Association of Image Consultants International ၏ ယခင် ဥက္ကဋ္ဌ ဖြစ်သူ Anna Soo Wildermuth က “အဝတ်အစားဆိုတာ ကိုယ် ဘယ်လိုလူမျိုးဆိုတာရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်သင့်ပြီး၊ လူတကာက အထူးသတိထားမိစရာ မလိုပါဘူး။” သူက အလုပ်အင်တာဗျူးသွားတဲ့အခါ ရှောင်ရှားသင့်တဲ့ မှားယွင်း ချွတ်ချော်မှု (၁၀) မျိုးကို အခုလို ထောက်ပြသွားပါတယ်။



Interview Fashion Mistake



(၁)       အရောင်ဆန်းလွန်းတဲ့ လက်သည်းနီ – ဒီအချက်ကတော့ ယောကျာ်းလေးကော၊ မိန်းကလေးတွေ အတွက်ပါ။ အရမ်းရှည်လွန်းတဲ့ ဒါမှမဟုတ် သေချာ မညှပ်ထားတဲ့ လက်သည်းတွေဟာ အမှန်တကယ်ကို စိတ်ပျက်ဖွယ်ရာပါ။ သင့်ရဲ့ လက်သည်းများကို သေချာညှပ်ပြီး သပ်သပ်ရပ်ရပ်ဖြစ်နေဖို့ လိုပါတယ်။

(၂)       တချွင်ချွင်မြင်သည့် လက်ဝတ်တန်ဆာများ – လက်တစ်ဖက်မှာ လက်စွပ် (၂) ကွင်း နဲ့ နားတစ်ဖက်မှာ နားကပ် တစ်ခုထက်ပိုပြီး မဝတ်ပါနဲ့။ မျက်နှာက အစိတ်အပိုင်းတွေမှာ နားကပ်ဝတ်တာ၊ ခြေချင်းဝတ် ဝတ်တာတွေကို လည်း ရှောင်ရပါမယ်။

(၃)       ခြေချောင်းပွင့် (သို့မဟုတ်) နောက်ပိတ်မရှိသော ဖိနပ်များ ဝတ်ဆင်ခြင်း – ထိပ်ပိတ်ပါပြီး နောက်ပိတ်မပါသော ဖိနပ် (mules) များကိုလည်း ရှောင်ရမည် ဖြစ်သည်။ ဖက်ရှင်အောက်နေပြီ ဖြစ်သော ဖိနစ်များကို လွှတ်ပစ်ခြင်း၊ သို့မဟုတ် အခြားသော ပွဲလမ်းသဘင်များအတွက်သာ ထားခြင်းတို့ကို ပြုလုပ်ပါ။

(၄)       ဘာခြေစွပ်မှ မဝတ်ထားသော ခြေထောက်များ – ပူအိုက်လွန်းတဲ့ နွေရာသီ ရာသီဥတု ဖြစ်နေလည်း ခြေအိတ်ရှည် ဝတ်ပါ။ ခြေအိတ်ရှည်သည် ကြားနေအရောင်များ သို့မဟုတ် ဖိနပ်နဲ့ လိုက်ဖက်သည့် အရောင်တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။

(၅)       ဒိတ်အောက်နေတဲ့ ဝတ်စုံ – ဒီ ဝတ်စုံတွေမှာ အင်္ကျီရင်အုပ်ခေါက်နားက ကြီးလွန်းနေတယ် (၃ လက်မနဲ့ အထက်) ဒါမှမဟုတ် သေးလွန်းနေပါတယ် (၁ လက်မနဲ့အောက်)။ အပ်ချုပ်ဆိုင်ကောင်းကောင်းတစ်ခုက ဒီဝတ်စုံတွေကို ပြင်ပေးနိုင်မှာပါ။ အမျိုးသားတွေအတွက် အပေါ်အင်္ကျီရဲ့ စတိုင်က ခန္ဓာကိုယ် အပြည့် ဖြစ်နေရမည် ဖြစ်ပြီး၊ fit size သို့မဟုတ် အရမ်းကျပ်နေရမယ့်အစား အနည်းငယ်ပွယောင်းနေရမှာ ဖြစ်ပါတယ်။ စကတ်အတိုတွေ ဝတ်မယ်ဆိုရင် စကတ်အောက်အနားက ဒူးအထက် ၃ လက်မထက် မတိုသင့်ပါ။ အင်တာဗျူး သို့ သရီးကွာတာဘောင်းဘီ၊ သို့မဟုတ် legging များ မဝတ်သွားသင့်ပါ။

(၆)       လယ်သာဂျာကင် – အမျိုးသားတွေကော၊ အမျိုးသမီးတွေပါ မဝတ်သင့်ပါဘူး။ လယ်သာ ဘလေဇာ ကုတ်ကိုလည်း အင်တာဗျူးသွားတဲ့အခါ မဝတ်သွားသင့်ပါ။ ၄င်းအဝတ်အစားတွေဟာ အပြင်ထွက်မှ ဝတ်ရမှာပါ။



(၇)       အမျိုးသားများဝတ်သည့် လယ်ခွံပါဆွယ်တာ – ပထမဆုံး အလုပ်အင်တာဗျူးအတွက် လည်စီး (necktie) ဝတ်ဆင်ရန် လိုအပ်ပါတယ်။ အနည်းဆုံး ကော်လာပါ ရှပ်အင်္ကျိကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။

(၈)       အရောင်ကွက်တိကွက်ကျား သို့မဟုတ် ဆန်းလွန်းသော လက်ကိုင်အိတ်များ – လက်ကိုင်အိတ်တွေဟာ ရိုးရိုး​ရှင်းရှင်းနှင့် ထင်ထင်ရှားရှားမရှိသည့် အိတ်များ ဖြစ်နေသင့်ပါတယ်။

(၉)       အနီရောင်ရုံးသုံးလက်စွဲအိတ် -  ရုံးသုံးလက်စွဲအိတ်များ၊ ပိုက်ဆံအိတ်များနှင့် ဖိနပ်များသည် အရောင် ရိုးရိုးနှင့် အခြေအနေ ကောင်းနေရမည် ဖြစ်သည်။ အရောင်ရိုးသည့် အပြာရောင်နှင့် မီးခိုးရောင် အရောင်ကွဲများသည် အကောင်းဆုံး အရောင်များ ဖြစ်သည်။ အလုပ်အင်တာဗျူးသို့ အနက်ရောင်ဝတ်သွားခြင်းသည် တည်ကြည် လေးနက်လွန်းရာ ကျသည်။ အနက်ရောင်ဝတ်သည့်အခါတွင်လည်း သင်၏ ပုံပန်းသဏ္ဍာန်ကို ပျော့ပြောင်းသွားစေရန် မျက်နှာနှင့် အနီးဆုံးတွင် အခြားအရောင် ရှိပါစေ။ အညိုရောင်သည် စီးပွားရေးလုပ်ငန်းဆန်သလား၊ မဆန်သလား ဆိုသည်ကို အငြင်းပွားလျက်ရှိနေသေးတဲ့ အတွက် အဲ့ဒီအရောင်ကို ရှောင်တာတော့ အကောင်းဆုံးပါ။ ဒုတိယ အင်တာဗျူး အတွက် အရောင်မတူညီသော အင်္ကျိ၊ ရှပ်အကျင်္ိ၊ မာဖလာ သို့မဟုတ် လည်စီး ဝတ်ဆင်ခြင်းဖြင့် သင်၏ အဝတ်အစား ပုံစံကို ပြောင်းလဲပစ်လိုက်ပါ။

(၁၀)     အင်တာဗျူးဖြေဆိုချိန်သည် ဖက်ရှင်အလှပြရမည့်နေရာ မဟုတ်ပါ။ သို့သော်လည်းပဲ ဖန်တီးမှု / ဒီဇိုင်း လုပ်ငန်း နယ်ပယ်မှာတော့ အဲ့ဒီလို မဟုတ်ပဲ၊ နာမည်အကြီးဆုံးက စတန့်အထွင်ဆုံးပဲ ဖြစ်ပါတယ်။ တခြားသူတွေကတော့ ခပ်ရိုးရိုး ရှင်းရှင်းပဲ ဝတ်ဆင်ဖို့ ရွေးချယ်တာ ပိုကောင်းပါတယ်။ “ကုမ္ပဏီ အတော်များများဟာ ရှေးရိုးဆန်တဲ့ ပရိုဖက်ရှင်နယ် ပုံစံ ဂါဝန်တွေကို ဝတ်ဆင်တာ ပိုသဘောကျနေကြပါတယ်” လို့ Wildermuth က ပြောကြားပါတယ်။

သင်ဟာ အလုပ်အကိုင်အသစ်မှာ အလုပ်ဝင်ဖို့ အသင့်ဖြစ်နေတဲ့ ပရိုဖက်ရှင်နယ် တစ်ယောက် ဖြစ်ကြောင်းကို သင် ဝတ်ဆင်တဲ့ အဝတ်အစားတွေဟာ ပြသနေဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ပင်ကိုယ်အသိစိတ်ဓာတ်က ညွှန်ကြားတဲ့ အတိုင်း လိုက်နာမယ်ဆိုရင် အလုပ်အင်တာဗျူး ဝင်ခြင်းရဲ့ နောက်တဆင့်ကို တက်ဖို့ သင့်ရဲ့ အခွင့်အရေးကို ဖျယ်စီးနိုင်တဲ့ ဖက်ရှင် အမှားတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ ဒီလိုမျိုး အလုပ်အင်တာဗျူး လျှောက်တဲ့ ဈေးကွက်မှာတော့ သင်ဟာ လှပ ကျော့ရှင်းနေရပြီး၊ သင့်ရဲ့ အပြင်အဆင်ဟာ အလုပ်နဲ့ ကိုက်ညီမှု ရှိတယ်လို့ ပြသနေဖို့ အရေးကြီးပါတယ်။

Reference: Monster Career Advice
- See more at: http://www.myanmarjobsdb.com/articles/jobsearch/interview-fashion-mistakes/#sthash.po062XOo.dpuf

Saturday, March 8, 2014

လုပ်ငန်းရှင်ဖြစ်လာဖို့ သွားရန် နည်းလမ်း


ဒါကတော့ နိုင်ငံတကာက ပြောတဲ့ Formal Step တွေပေါ့နော်။ မြန်မာပြည်နဲ့ကတော့ ဘယ်တူပါ့မလဲ။ သို့ပေ မယ့် လေ့လာလို့ရအောင် သူတို့ နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။

1. Find a Product (or idea)

ပထမဆုံး ကုန်ပစ္စည်းတစ်ခုကို ရှာဖွေရမယ်။ အိုင်ဒီယာဆိုလည်း အိုင်ဒီယာပေါ့။ အဲဒါက လူသိများကောင်း လူသိများလိမ့်မယ်။ သို့ပေမယ့် ပြီးပြည့်စုံလောက်အောင် မကောင်းသေးတဲ့ အရာတစ်ခု။

2. Buy One and Stuty it

အဲ့ ပစ္စည်းကို ဝယ်ရမယ်။ ပြီးတော့ အသေးစိတ် ကျကျ လေ့လာရမယ်။ အိုင်ဒီယာဆိုရင်လည်း ယင်း အိုင်ဒီယာကို အတွင်းကျကျ လေ့လာရမယ်။ လိုအပ်ရင် ထပ်မံ သင်ယူရအုံးမယ်။

3. Figure out how to improve it

အသေးစိတ်လည်းလေ့လာပြီးပြီ။ သင်ယူလေ့လာမှုလည်း ပြီးပြီ။ ဒါဆိုရင် နောက်တစ်ဆင့် တက်ရမှာက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

4. Make a Prototype

ဖွံ့ဖြိုးအောင်လည်းလုပ်ပြီးပြီဆိုရင် Sample တစ်ခု အရင်ထုတ်ရပါမယ်။ ကနဦး စံနမူနာပစ္စည်း တစ်ခု ဖန်တီး ယူရပါမယ်။

5. Show the prototype to 100 people

လူသိပ်အများကြီးကို ပြစရာမလိုသေးဘူး။ Selected people ပဲ။ ရွေးထားတဲ့ သူတွေက ကို စံနမူနာ၊ အိုင်ဒီယာကို ဖောက်စားမယ့်သူ မဟုတ်ဖို့တော့ လိုပါမယ်။

6. Remake it

စံနမူနာကို Selected people ကိုလည်း ပြသပြီးသွားပြီဆိုရင် နောက်တစ် ဆင့် တက်ရမှာက remake ပါ။ သူတို့ ပေးတဲ့ Feedback ကိုအခြေခံလို့ အကောင်းဆုံးပြန်လည်ဖန်တီးရပါမယ်။ End Customer အတွက် လိုချင်စိတ် ပေါက်ရလောက်တဲ့ အထိ ဖြစ်ပါတယ်။

7. Find a co-founder

ကိုယ့် ပရောဂျက်က အရမ်းကြီးတယ်ဆိုရင် တစ်ယောက်တည်းနဲ့ မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အတူတွဲလုပ်မယ့် ပါတနာတော့ လိုပါမယ်။ co-fouder ပါ။ လက်တွဲလုပ်သူ တစ်ယောက်လည်း ခပ်ကောင်းကောင်း ပါတယ်ဆိုရင် အိုင်ဒီယာလည်း ပိုထွက်ပါတယ်။

8. Split with your co-founder

Co-founder နဲ့ ဆက်လုပ်တာပဲ ဖြစ်ဖြစ်၊ လမ်းခွဲတာပဲ ဖြစ်ဖြစ် ဒီ Level မှာ တိတိကျကျ အဖြေထွက်ဖို့ လိုပါတယ်။ တစ်ဖက်ကလည်း profit တစ်ခုရဖို့ ဖန်တီးကြိုးစားပေးတဲ့နေရာမှာ တစ်ခုမှ ပြန်မပေးနိုင်ရင် Split လုပ်ဖို့ ခက်ခဲပါတယ်။ ဒီတော့ ၅၀-၅၀ . ၅၀-၄၀ စွမ်းဆောင်ချက်၊ ရလဒ် အလျောက် သေချာ ခွဲတမ်းချပြီး ရှေ့ ဆက်ဖို့ လိုအပ်ပါတယ်။

9. Find a investor

ငွေထည့်မယ့် လုပ်ငန်းရှင်လိုအပ်ပါတယ်။ ယင်းလုပ်ငန်းရှင်ကို ကိုယ်ဖန်တီးထားတဲ့ Product ကို ချပြရပါမယ်။ Detail မလိုပါဘူး။ Investor အတွက် Profit and Process လောက်ပဲ focus လုပ်ပြီး Explain တာ ကောင်းပါတယ်။ Data Detail သွားရှင်းမိရင် Investor က Holder ဖြစ်သွားနိုင်ပါတယ်။

10. Give her your percentage

အိုင်ဒီယာမပါ ငွေရင်းသာစိုက်သူအတွက် ၁၀ ရာခိုင်နှုန်း လို့ ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ သို့ပေမယ့် ၁၀ ပုံပုံ ၃ ပုံထပ်ပိုပေးမိရင်တော့ ကိုယ့် Product က သူ့ Product ဖြစ်သွားနိုင်ပါတယ်။

11. Make the product

ငွေလည်းရှိပြီ။ Resource ရပြီ ဆိုရင် Product ထုတ်ဖို့ စနိုင်ပါပြီ။ ဒီအဆင့်မှ Product က ထုတ်လုပ်တာပါ။ လက်ထဲမှာ co founder နဲ့အတူဖန်တီးထားတဲ့ finalize product simple ပဲ ရှိပါသေးတယ်။

12. Sell your product

နေရာဒေသ အလိုက်ပေါ့။ ကိုယ့် ကုန်ပစ္စည်းကို Customer ဘယ်လောက်ဆီ ဘယ်လောက် ရောင်းနိုင်ရမယ်ဆိုတာ ကိုယ်တိုင် Target ထားရမှာပါ။

13. Get more money

ကုန်ပစ္စည်း ရောင်းချပြီဆိုရင်တော့ ငွေကတော့ ဝင်ပါပြီ။ ဝင်ငွေကို ခွဲတမ်းချပြီး Production အတွက် ထပ်မံ Invest လုပ်ရပါမယ်။

14. Go to Stock

စတော့ ရှယ်ယာဈေးကွက်သို့ ဝင်ရောက်ခြင်းပါ။ ဒါကလည်း မြန်မာပြည်မှာ မကြာမီ နှစ်အနည်းငယ် အတွင်း ဖြစ်လာတော့မယ် ဈေးကွက်ပါ။ စတော့ရှယ်ယာဈေးကွက်ကြောင့် ပုံမှန်လည်ပတ်နေတဲ့ Money Cycle အတွက် အဓိက Profit ရနိုင်တဲ့ source တစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ ရှယ်ယာရောင်းမယ်။ ရှယ်ယာရှင် အသစ်တွေ ဝင်လာမယ်။ ရှိရင်းစွဲတွေ ထွက်မယ် အစရှိသဖြင့် လည်ပတ်နေတဲ့ စတော့ရှယ်ယာ ဈေးကွက် က ခေါင်းစားစရာနေရာတစ်ခုလည်း ဖြစ်လာမှာပါ။

ဒီတော့ စတော့ရှယ်ယာ ဈေးကွက်အကြောင်း ကို သေချာ လေ့လာ ထားဖို့လိုအပ်ပါနိုင်ပါတယ်။ နိုင်ငံတကာက စတော့ရှယ်ယာ အပြင် ပြည်တွင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် ပုံစံကို ယခုကတည်းက ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။ အနာဂတ်ဟာ မဝေးတော့ပါဘူး။ လူတိုင်း ကြိုးစားရင်၊ အိုင်ဒီယာကောင်း၊ Product ကောင်းရှိရင် လုပ်ငန်းရှင် ဖြစ်နိုင်ပါတယ်။ အထက်ပါ ဖော်ပြချက်များ က နိုင်ငံတကာ ကပြောတဲ့ အကြောင်းအရာပါ။ ပြည်တွင်းမှာ ဒါနဲ့ ထပ်တူကျဖို့ မသေချာ ပါဘူး။ Localization အတွက် Change လုပ်ရမယ့် Strategy တွေ အများကြီးပါ။ အားလုံး Business Idea ရဖို့ ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

.
လုပ်ငန်းရှင်ဖြစ်လာဖို့ သွားရန် နည်းလမ်း

ဒါကတော့ နိုင်ငံတကာက ပြောတဲ့ Formal Step တွေပေါ့နော်။ မြန်မာပြည်နဲ့ကတော့ ဘယ်တူပါ့မလဲ။ သို့ပေ မယ့် လေ့လာလို့ရအောင် သူတို့ နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။

1. Find a Product (or idea)

ပထမဆုံး ကုန်ပစ္စည်းတစ်ခုကို ရှာဖွေရမယ်။ အိုင်ဒီယာဆိုလည်း အိုင်ဒီယာပေါ့။ အဲဒါက လူသိများကောင်း လူသိများလိမ့်မယ်။ သို့ပေမယ့် ပြီးပြည့်စုံလောက်အောင် မကောင်းသေးတဲ့ အရာတစ်ခု။

2. Buy One and Stuty it

အဲ့ ပစ္စည်းကို ဝယ်ရမယ်။ ပြီးတော့ အသေးစိတ် ကျကျ လေ့လာရမယ်။ အိုင်ဒီယာဆိုရင်လည်း ယင်း အိုင်ဒီယာကို အတွင်းကျကျ လေ့လာရမယ်။ လိုအပ်ရင် ထပ်မံ သင်ယူရအုံးမယ်။

3. Figure out how to improve it

အသေးစိတ်လည်းလေ့လာပြီးပြီ။ သင်ယူလေ့လာမှုလည်း ပြီးပြီ။ ဒါဆိုရင် နောက်တစ်ဆင့် တက်ရမှာက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

4. Make a Prototype

ဖွံ့ဖြိုးအောင်လည်းလုပ်ပြီးပြီဆိုရင် Sample တစ်ခု အရင်ထုတ်ရပါမယ်။ ကနဦး စံနမူနာပစ္စည်း တစ်ခု ဖန်တီး ယူရပါမယ်။

5. Show the prototype to 100 people

လူသိပ်အများကြီးကို ပြစရာမလိုသေးဘူး။ Selected people ပဲ။ ရွေးထားတဲ့ သူတွေက ကို စံနမူနာ၊ အိုင်ဒီယာကို ဖောက်စားမယ့်သူ မဟုတ်ဖို့တော့ လိုပါမယ်။

6. Remake it

စံနမူနာကို Selected people ကိုလည်း ပြသပြီးသွားပြီဆိုရင် နောက်တစ် ဆင့် တက်ရမှာက remake ပါ။ သူတို့ ပေးတဲ့ Feedback ကိုအခြေခံလို့ အကောင်းဆုံးပြန်လည်ဖန်တီးရပါမယ်။ End Customer အတွက် လိုချင်စိတ် ပေါက်ရလောက်တဲ့ အထိ ဖြစ်ပါတယ်။

7. Find a co-founder

ကိုယ့် ပရောဂျက်က အရမ်းကြီးတယ်ဆိုရင် တစ်ယောက်တည်းနဲ့ မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အတူတွဲလုပ်မယ့် ပါတနာတော့ လိုပါမယ်။ co-fouder ပါ။ လက်တွဲလုပ်သူ တစ်ယောက်လည်း ခပ်ကောင်းကောင်း ပါတယ်ဆိုရင် အိုင်ဒီယာလည်း ပိုထွက်ပါတယ်။

8. Split with your co-founder

Co-founder နဲ့ ဆက်လုပ်တာပဲ ဖြစ်ဖြစ်၊ လမ်းခွဲတာပဲ ဖြစ်ဖြစ် ဒီ Level မှာ တိတိကျကျ အဖြေထွက်ဖို့ လိုပါတယ်။ တစ်ဖက်ကလည်း profit တစ်ခုရဖို့ ဖန်တီးကြိုးစားပေးတဲ့နေရာမှာ တစ်ခုမှ ပြန်မပေးနိုင်ရင် Split လုပ်ဖို့ ခက်ခဲပါတယ်။ ဒီတော့ ၅၀-၅၀ . ၅၀-၄၀ စွမ်းဆောင်ချက်၊ ရလဒ် အလျောက် သေချာ ခွဲတမ်းချပြီး ရှေ့ ဆက်ဖို့ လိုအပ်ပါတယ်။

9. Find a investor

ငွေထည့်မယ့် လုပ်ငန်းရှင်လိုအပ်ပါတယ်။ ယင်းလုပ်ငန်းရှင်ကို ကိုယ်ဖန်တီးထားတဲ့ Product ကို ချပြရပါမယ်။ Detail မလိုပါဘူး။ Investor အတွက် Profit and Process လောက်ပဲ focus လုပ်ပြီး Explain တာ ကောင်းပါတယ်။ Data Detail သွားရှင်းမိရင် Investor က Holder ဖြစ်သွားနိုင်ပါတယ်။

10. Give her your percentage

အိုင်ဒီယာမပါ ငွေရင်းသာစိုက်သူအတွက် ၁၀ ရာခိုင်နှုန်း လို့ ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ သို့ပေမယ့် ၁၀ ပုံပုံ ၃ ပုံထပ်ပိုပေးမိရင်တော့ ကိုယ့် Product က သူ့ Product ဖြစ်သွားနိုင်ပါတယ်။

11. Make the product

ငွေလည်းရှိပြီ။ Resource ရပြီ ဆိုရင် Product ထုတ်ဖို့ စနိုင်ပါပြီ။ ဒီအဆင့်မှ Product က ထုတ်လုပ်တာပါ။ လက်ထဲမှာ co founder နဲ့အတူဖန်တီးထားတဲ့ finalize product simple ပဲ ရှိပါသေးတယ်။

12. Sell your product

နေရာဒေသ အလိုက်ပေါ့။ ကိုယ့် ကုန်ပစ္စည်းကို Customer ဘယ်လောက်ဆီ ဘယ်လောက် ရောင်းနိုင်ရမယ်ဆိုတာ ကိုယ်တိုင် Target ထားရမှာပါ။

13. Get more money

ကုန်ပစ္စည်း ရောင်းချပြီဆိုရင်တော့ ငွေကတော့ ဝင်ပါပြီ။ ဝင်ငွေကို ခွဲတမ်းချပြီး Production အတွက် ထပ်မံ Invest လုပ်ရပါမယ်။

14. Go to Stock

စတော့ ရှယ်ယာဈေးကွက်သို့ ဝင်ရောက်ခြင်းပါ။ ဒါကလည်း မြန်မာပြည်မှာ မကြာမီ နှစ်အနည်းငယ် အတွင်း ဖြစ်လာတော့မယ် ဈေးကွက်ပါ။ စတော့ရှယ်ယာဈေးကွက်ကြောင့် ပုံမှန်လည်ပတ်နေတဲ့ Money Cycle အတွက် အဓိက Profit ရနိုင်တဲ့ source တစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ ရှယ်ယာရောင်းမယ်။ ရှယ်ယာရှင် အသစ်တွေ ဝင်လာမယ်။ ရှိရင်းစွဲတွေ ထွက်မယ် အစရှိသဖြင့် လည်ပတ်နေတဲ့ စတော့ရှယ်ယာ ဈေးကွက် က ခေါင်းစားစရာနေရာတစ်ခုလည်း ဖြစ်လာမှာပါ။

ဒီတော့ စတော့ရှယ်ယာ ဈေးကွက်အကြောင်း ကို သေချာ လေ့လာ ထားဖို့လိုအပ်ပါနိုင်ပါတယ်။ နိုင်ငံတကာက စတော့ရှယ်ယာ အပြင် ပြည်တွင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် ပုံစံကို ယခုကတည်းက ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။ အနာဂတ်ဟာ မဝေးတော့ပါဘူး။ လူတိုင်း ကြိုးစားရင်၊ အိုင်ဒီယာကောင်း၊ Product ကောင်းရှိရင် လုပ်ငန်းရှင် ဖြစ်နိုင်ပါတယ်။ အထက်ပါ ဖော်ပြချက်များ က နိုင်ငံတကာ ကပြောတဲ့ အကြောင်းအရာပါ။ ပြည်တွင်းမှာ ဒါနဲ့ ထပ်တူကျဖို့ မသေချာ ပါဘူး။ Localization အတွက် Change လုပ်ရမယ့် Strategy တွေ အများကြီးပါ။ အားလုံး Business Idea ရဖို့ ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

.
 
 
Credit to: https://www.facebook.com/yoyarlaydotcom/posts/662590263784229:0

Thursday, March 6, 2014

"လူ့ဘဝ၏ အောင်မြင်တိုးတက်ခြင်း သို့သွားရာ လှေခါး (၃၀)"


၁။ ကတိအပေးနည်းပါစေ။

၂။ အမှန်ကို အမြဲပြောပါ။

၃။ မိတ်ကောင်းဆွေကောင်းထားရှိပါ။

၎။ သူတစ်ပါး မကောင်းကြောင်း ဘယ်အခါမှ မပြောနှင့်။

၅။ မိမိဝင်ငွေနှင့် လောက်ငှအောင် သုံးစွဲပါ။ှ

၆။ မိမိ၏ဘယ်လုပ်ငန်းတွင်မဆို ကျွမ်းကျင်မှုရှိပါစ။

၇။ မူးယစ်စေသည့် အရာများကို ရှောင်ကြဉ်ပါ။

၈။ သဒ္ဓါမရောက်မီ တရားမျှတမှု ရှိပါစေ။

၉။ လောင်းကစားမှုကို လုံးဝရှောင်ကြဉ်ပါ။

၁၀။ လျှို့ဝှက်သင့်သည်ကို မပေါက်ကြားပါစေနှင့်။

၁၁။ အကျင့်စာရိတ္တကောင်းခြင်းမွန်သည်သာ ဘဝ၏အောင်မြင်တိုးတက်ခြင်းကိုဖြစ်စေသည်။

၁၂။တတ်နိုင်ပါက ချေးငှားမှုအား ဘယ်သောအခါမှ မပြုပါနှင့်။

၁၃။ သင်၏ပျော်ရွှင်ချမ်းမြေ့ခြင်းသည် သင့်၏ကျေနပ်မှုနှင့်လုပ်ငန်းအပေါ်မှာမူတည်ပါလိမ့်မယ်။

၁၄။ ကြွယ်ဝချမ်းသာမှုကို ဆောင်ရွက်ရာတွင် အလောသုံးဆယ်မပြုလုပ်သင့်။

၁၅။ သူတစ်ပါးအား ပြောဆိုရန်ရှိလျှင် ထိုသူ့မျက်နှာကို ကြည့်ရ်ျပြောပါ။

၁၆။ မယားတစ်ယောက်ကို လုပ်ကြွေးနိုင်မှ ထိမ်းမြားမင်္ဂလာ ပြုသင့်ရာသည်။

၁၇။ ကြီးလာသည့်အခါ သုံးစွဲနိုင်ရန် ငယ်ရွယ်စဉ်က ချွေတာစုဆောင်းရာ၏။

၁၈။ အပေါ်ယံသာယာမှုကိုကြည့်၍ အပျော်အပါးများအားမလိုက်စားသင့်။

၁၉။သူတစ်ပါးတို့အားကူညီရာတွင် ကဲ့ရဲ့ ပြစ်တင်ရှုတ်ချမှုကိုဂရုမစိုက်သင့်။

၂၀။ ကောင်းသောစိတ်ထားခြင်း၊ကောင်းသောစကား ဆိုခြင်းသည် မွန်မြတ်ခြင်းဖြစ်၏။

၂၁မှန်မှန်ကန်ကန်နှင့်ကြိုးစားမှုကြောင့်တိုးတက်ခြင်းသည်ထိုက်
တန်အောင်မြင်ခြင်းဖြစ်၏။

၂၂။ ညအိပ်ယာဝင်သည့်အခါတစ်နေ့တာလုပ်ဆောင်ခဲ့သမျှကို ပြန်လည်သုံးသပ်ခြင်းသည်။နောက်နေ့လုပ်ဆောင်ရမည့် အလုပ်အတွက် တိကျမှုကိုဖြစ်စေ၏။

၂၃။ သင့်အပြုအမူဆောင်ရွက်ချက်မှလွဲရ်ျ သင့်အကျင့်စာရိတ္တကိုထိခိုက်စေမည့်အကြောင်းမရှိနိင်။

၂၄။ အလုပ်တစ်ခုကို စဉ်းစားဆုံးဖြတ် သုံးသပ်ပြီးမှအကောင်အထည်ဖေါ်ရာ၏။

၂၅။ အလုပ်နှင့်ဘယ်အခါမှ ကင်းကွားမှုမဖြစ်စေပဲ လက်များကိုအကျိုးရှိစွာအသုံးချပါ။

၂၆။ကိုယ့်အကျိုးသာကြည့်ပြီး သူတစ်ပါးအကျိုးမကြည့်သောသူများအားမိတ်ဆွေအဖြစ်မပြုသင့်။

၂၇။အကျင့်စရိုက်ကြမ်းတန်းသူများနှင့်အတူတကွမနေသင့်။

၂၈။သြဇာအားဏာရှိသူသော်ငြားလည်း ယုတ်မာရက်စက်လူမဆန်သူများနှင့်ဝေးဝေးနေသင့်၏။

၂၉။သူတော်မဟုတ်သူယုတ်တို့နှင့်ကင်းကင်းနေက ကိုယ် စိတ်နှစ်ဖြာချမ်းသာရ၏။

၃၀။ကိုယ့်အကျိုး သူ့အကျိုး မျှမျှတတဆောင်ရွက်ငြားက မိတ်ကောင်းသဟာပေါကြွယ်ပါ၏။

ထာဝရအလင်းတန်းများ

Aye Chan Mon# Credit To :Shan News > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Saturday, February 22, 2014

သင့်ကို လူတွေသဘောတွေ့လာစေမယ့်နည်း ( ၆ )နည်း

၁ ) တစ်ဖက်လူအပေါ်မှာ ရိုးသားစွာ စိတ်ဝင်စားပါ ၊ တစ်ဖက်လူရဲ့ ပြဿနာကို
စိတ်ဝင်စားပါ ။ ကိုယ်ကျိုးမကြည့်ရပါ ၊ သူမွေးသက္ကရာဇ်ကို မှတ်ထားပြီး
သူ့မွေးနေ့မရောက်မီ တစ်ရက်အလိုမှာ အသိပေးလိုက်ပါ ။
အံ့သြ၀မ်းသာနေပါလိမ့်မည် ။

၂ ) ပြုံးပါ ။ အပြုံးဟာ နုံးခွေနေသူကို အားရှိစေပါတယ် ။
သောကကိုပြေပျောက်စေပါတယ်။ အပြုံးဟာ ငွေပေးဝယ်လို့ မရသလို
ချေးငှားယူလို့လည်း မရပါ ။ ပေးတတ်ရင် အသုံးကျတဲ့ ပစ္စည်းတစ်မျိုးပါ ။

၃ ) သူ့နာမည်ကို မှတ်ထားပါ ။ လူဆိုတာ တခြားသူတွေရဲ့ နာမည်ထက်
ကိုယ်နာမည်ကို ပိုစိတ်ဝင်စားသူတွေပါ ။ လွယ်လင့်တကူ သူ့နာမည်ကို ပြုံးပြီး
ခေါ်လိုက်ပါ ၊ သူ သင့်ကို စိတ်ဝင်စားသွားပါလိမ့်မယ် ။

၎ ) သူပြောတာ စိတ်ဝင်တစား နားထောင်ပါ ၊ ပြောနေသူ ဆက်ပြောနိုင်အောင်
တွန်းအားပေးပါ ။

၅ ) တစ်ဖက်လူ အကျိုးရှိမယ့်ဘက်က စပြောပါ ၊ သူစိတ်ဝင်စားတဲ့
သူတန်ဖိုးထားတဲ့ အကြောင်းအရာကို စပြောပါ ။

၆ ) တစ်ဖက်လူ အရေးပါတယ်ဆိုတာ သူသိအောင် ရိုးသားဖြူစင်စွာ ပြုပါ ။
ပြောပါ ။ တစ်ဖက်လူရဲ့ ကောင်းကွက်ကိုရှာပြီး အားတက်သရော ချိုးကျုးပြောဆိုပါ ၊
မြှောက်ပြောခြင်းမဟုတ်ဘဲ ရိုးသားဖြူစင်သော စိတ်ဖြင့်ထုတ်ပြောပါ ။

စကားလက်ဆောင် တရားလက်ဆောင်(၅)

Credit to ပုဂံအွန်လိုင်းမီဒီယာ

Thursday, January 16, 2014

လူချစ်လူခင် ပေါအောင် နေကြမယ်

လူချစ်လူခင် ပေါတဲ့ လူပျော်တွေတွေ့ရင် အားကျမိပါသလား။ သင်လည်း လူချစ်လူခင်ပေါအောင် စွမ်းဆောင်နိုင်ပါတယ်။ လူတိုင်းက သင့်ကိုစကားပြောလာပါလိမ့်မယ်။ ဦးစားပေးလာမယ်။ အသိမိတ်ဆွေတွေ ပေါလာမယ်။ လူချစ်လူခင် ပေါများအောင်နေတတ်တဲ့ ဉာဉ်က လူတိုင်းမှာမရှိပါဘူး။ လူနည်းစုပဲ ကျွမ်းကျင်တတ်မြောက်နိုင်ကြပါတယ်။ သူတို့နဲ့ လူတိုင်းက ခင်ချင်ကြမှာပါပဲ။ ဒီတော့ သင်လည်း ခုပြောပြပေးမယ့် အချက်အလက်တွေရဲ့ အကူအညီနဲ့ လူချစ်လူခင်ပေါလာဖို့ ခုပဲ စလုပ်လိုက်ပါတော့။
၁။ ပြုံးပါ၊ နွေးထွေးပါ။
ဒါဟာ ပြီးပြည့်စုံတဲ့ ပထမဆုံးခြေလှမ်းပဲ။ တချိန်လုံး မျက်နှာကြီးစူပုတ်ပြီး စိတ်တိုမနေပါနဲ့။ သင်ကိုယ်တိုင် ပြုံးပျော်နေမယ်ဆိုရင် သင့်အပျော်တွေက ပတ်ဝန်းကျင်ကို ကူးစက်ပျံ့နှံ့သွားပါတယ်။
၂။  ကောင်းကောင်းမွန်မွန် ဆက်သွယ်ပြောဆိုပါ။
ကိုယ်ရေးကိုယ်တာ ၀င်ရောက်စွက်ဖက် တာမျိုးမလုပ်ဘဲ စိတ်ဝင်စားစရာကောင်းတဲ့ စကားတွေပြောပါ။ သင်သိထားတာတွေ၊ သင်ပြောချင်တာတွေကို ဦးစားမပေးပါနဲ့။ တဖက်လူရဲ့ စကားကို နားထောင်ချင်စိတ်​ ရှိပြီး အဲ့ဒီ့အပေါ်မှာ ပျော်မွှေ့စွာ လိုက်ပြောပေးပါ။
၃။ တဖက်လူရဲ့ ဆိုလိုရင်းကို စဉ်းစားပါ။
ကျွန်တော်တို့အများစုဟာ ကိုယ့်အမြင်ကိုပဲ ဦးစားပေးတတ်ကြတာမှန်ပေမဲ့ တဖက်လူက ဘယ်လိုတွေးမိပြီး ဘယ်လိုဆိုလိုရင်းရှိတယ်ဆိုတာကို စဉ်းစားပေးသင့်ပါတယ်။ လူချစ်လူခင် ပေါချင်တယ်ဆိုရင်ပေါ့။
၎။ ရန်မလိုပါနဲ့။
သင့်ရဲ့ တုံ့ပြန်ပြောဆိုမှုတွေမှာ ရန်လိုတာ၊ ရိုင်းစိုင်းတာမျိုး မဖြစ်အောင် သတိထားရပါမယ်။ လူတော်တော်များများဟာ တဖက်လူကို အရှက်ခွဲလိုက်ရရင်၊ အားငယ်အောင် ပြောလိုက်ရရင် သာယာသွားတတ်ကြပါတယ်။ အဲ့ဒီ့လိုလူမျိုး မဖြစ်ပါစေနဲ့။
၅။ ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့်ရှိပါ။ မာနတခွဲသား နဲ့နေဖို့တော့ မသင့်။
သင့်ကိုယ်သင် ယုံကြည်ချက် အပြည့်ရှိပြီး မာနစိတ် ထားတတ်ပါလိမ့်မယ်။ သင်တစ်လ ငွေဘယ်လောက်ရှာနိုင်တာ၊ သင်ဘာ ဘွဲ့ထူး၊ဂုဏ်ထူးတွေ ရထားတာ တွေအပေါ်မှာ ဂုဏ်ယူမိနေပါလိမ့်မယ်။ ဒါပေမဲ့ တခြားလူတွေနဲ့ ဆက်ဆံတဲ့အခါမှာ ဒါတွေသိအောင် ချပြစရာမလိုပါဘူး။ စိတ်အတွင်းမှာ မာနရှိပါ။ ဒါပေမဲ့ လူသိအောင် ချပြစရာမလိုပါဘူး။ ထုတ်ပြောစရာမလိုအောင် သိကြပါလိမ့်မယ်။
၆။ အကောင်းမြင်စိတ် ရှိပါ။
ပျော်ပျော်နေ။ အဆိုးတွေကို မြင်ယောင်မနေပါနဲ့။ သင့်ဘ၀ရဲ့ ပျော်စရာ အခိုက်အတန့်လေးတွေကို သင့်ပတ်ဝန်းကျင်မှာ ဝေငှ ပျော်ပေးလိုက်ပါ။ ပျော်ပျော်နေတတ်တဲ့သူရဲ့ မျက်လုံးက တောက်ပြီး မိတ်ဆွေတွေကို ဆွဲခေါ်တယ်၊ လေးစားစေတယ်။
၇။ လူတိုင်းကို လေးစားပါ။
သူတို့က ကိုယ့်အပေါ် လေးစားနေသရွေ့ပေါ့။ လူချစ်လူခင် ပေါများဖို့ သင့်ပတ်ဝန်းကျင်ကလူတိုင်းကို လေးစားသမှု ရှိရပါမယ်။ သင့်ကို စောင့်ကြည့်နေတဲ့ တစ်စုံတစ်ယောက်ဟာ သင့်နားမှာ အမြဲရှိနေတယ်လို့ သိထားပါ။ ပိုအလေးပေး ဆက်ဆံတာ မရှိရသလို၊ နှိမ့်ချပြီး ဆက်ဆံတာမျိုးလဲ မလုပ်ရပါဘူး။
၈။ သဘောလွယ်တဲ့သူ မဖြစ်ပါစေနဲ့။
သင်သာ ကောင်းနေရင် ခေါင်းမရွေ့ပါဘူး။ ရိုင်းစရာ ရှိလာရင်လည်း ရိုင်းလိုက်ပေါ့။ ဒါပေမဲ့ သင့်ဒေါသနဲ့ ရိုင်းစိုင်းမှုက တရားမျှတမှု ရှိနေရမယ်။ ဒါဆိုရင်တော့ သင့်ကို အလေးထားလာမယ်၊ သင်ဟာ လူကောင်းတစ်ယောက်ပဲလို့ ဆက်တွေးမြင်နေကြမယ်၊ ဆက်လေးစားနေနိုင်မယ်။
၉။ ရယ်သာရယ်
ချစ်စရာကောင်းတဲ့ ရယ်ခြင်းမျိုးကို လူတိုင်းနှစ်ခြိုက်ပါတယ်။ ဘ၀ကို ပျော်ပိုက်၊ တခြားသူတွေနဲ့ အချိန်သုံး အဲ့ဒီ့အပြုံး၊ အရယ်မျိုးနဲ့လည်း ရယ်သာရယ်။ ပျော်စရာကောင်းအောင်နေပြီး ခပ်ကျယ်ကျယ်သာ ရယ်ချပလိုက်။ သင့်နေ့စဉ်ဘ၀မှာ သင့်ရဲ့ ပျော်စရာ အရယ်အပြုံးကြောင့် လူချစ်လူခင်ပေါပြီး ပိုပျော်ဖို့ ကောင်းလာပါလိမ့်မယ်။
Ref:lovepanky

Wednesday, December 25, 2013

Online မှာ အခမဲ့သင်ယူလို့ရတဲ့ အရာ ၅ ခု

ဆိုရိုးစကားရှိပါတယ်။ လူတစ်ယောက်ကို ငါးတစ်ကောင်ပေးလိုက်ပါ။ သူတစ်နေ့တာ စားစရာရှိပါလိမ့်မယ်။ လူတစ်ယောက်ကို ငါးဖမ်းနည်းသင်ပေးလိုက်ပါ။ သူ့တစ်သက်တာ စားစရာရှိပါလိမ့်မယ်။ ဒီနေ့ခေတ်မှာတော့ လူတစ်ယောက်ကိုကွန်ပျူတာတစ်လုံးပေးလိုက်ပါ။ ဆာလောင်မှုကိုမေ့သွားပါလိမ့်မယ်။ လူတစ်ယောက်ကို မြန်နှုန်းမြင့်အင်တာနက်လိုင်းတစ်လိုင်းပေးလိုက်ပါ။ ကမ္ဘာကြီးကိုမေ့သွားပါလိမ့်မယ်လို့ဆိုရမှာဖြစ်ပါတယ်။ အင်တာနက်ဟာ ပညာရေး၊ professional တွေနဲ့ဝါသနာရှင်တို့ရဲ့လေ့လာသင်ယူမှုများအတွက် ကောင်းမွန်တဲ့အရင်းအမြစ်တစ်ခုအဖြစ်ပေးစွမ်းနိုင်ပါတယ်။ အချို့ကိစ္စတွေမှာတော့ ဈေးနှုန်းမြင့်မားတဲ့ tag တွေပဲတွေ့မှာဖြစ်ပေမယ့် သင်တို့ကျွန်န်ုပ်တို့လိုမျိုး သာမန်လူတွေအတွက်တော့ အင်တာနက်ဟာ အခမဲ့သင်ခန်းစာ တွေပေးတဲ့အရာတစ်ခုပါ။ ဘာတွေများဖြစ်နိုင်မလဲ။ ကြည့်လိုက်ကြရအောင်။
၁။ ဘာသာစကားအသစ်

ဘာသာစကားအသစ်တစ်ခုကိုလေ့လာရတာဟာ အကုန်အကျများပြီး ပူပန်သောကရောက်စေတဲ့ အလုပ်တာဝန်တစ်ခုပါ။ ပြီးတော့သင်သိတဲ့ လူတော်တော်များများဟာ ဆက်မလေ့လာနိုင်တော့တာမျိုး ရှိသလို ပင်ပန်းဆင်းရဲတဲ့ ဒီအတွေ့အကြုံကို ခက်ခက်ခဲခဲကျော်လွှားနိုင်ခဲ့တာမျိုးလဲရှိပါတယ်။ ကျေးဇူးတင်စရာကောင်းတာက သင်ဆန္ဒရှိတဲ့ ဘာသာစကားရဲ့အခြေခံကိုသင်ယူဖို့နဲ့ အကုန်အစင်ကို ကျွမ်းကျင် တတ်မြောက်အောင်လုပ်ဖို့အတွက် အခမဲ့သင်ခန်းစာတွေဖေါ်ပြထားတဲ့ site တွေကို အင်တာနက်ကပေးစွမ်းနိုင်ပါတယ်။ အဲဒီ့သင်ခန်းစာအများစုဟာ လေ့လာမှုအတွေ့အကြုံကို တိုးပွားစေဖို့အတွက် ဗီဒီယိုသင်ခန်းစာတွေနဲ့ တွဲဖက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင်သင်ဟာ အမြဲတမ်း လုပ်ပြီးသားလေ့ကျင့်ခန်းကိုပြန်လုပ်နိုင်ပြီး နောက်တစ်ဆင့်ကိုတက်ဖို့အတွက် သွေးပူလေ့ကျင့်ခန်းတွေလုပ်နိုင်ပါတယ်။
၂။ Computer Programming

သင်ဟာ Engineering ကျောင်းသားတစ်ယောက်ဆိုရင် text book အသစ်တစ်အုပ်ဝယ်ဖို့အတွက် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ဖူးမှာသေချာပါတယ်။ ဒီခေတ်ဒီအခါမှာတော့ အင်တာနက်ပေါ်က သင့်တော်တဲ့နေရာတွေမှာ သင်လိုသမျှအရာအားလုံးကိုရနိုင်ပါပြီ။ ဥပမာအားဖြင့် Computer Programming မှာဆိုရင် သင်ဟာ ရိုးရှင်းပြီးအလုပ်မလုပ်တော့ဟန်တူတဲ့ စာလုံးနဲ့ဂဏန်းနံပါတ်လေးတွေရဲ့အကူအညီနဲ့ ဘယ်အရာကိုမဆိုတည်ဆောင်နိုင်တဲ့ ထက်မြက်တဲ့ဥာဏ်ရည်လိုအပ်ပါတယ်။ သင်ဟာအဲဒီ့ skill တွေကိုတိုးတက်အောင်လုပ်ချင်တဲ့ လူနည်းစုထဲမှာပါပြီဆိုရင်တော့ သင်ဟာ online ပေါ်က computer programming site တွေနဲ့ forum တွေကိုအသုံးချပြီး အကူအညီရယူနိုင်ပါတယ်။ ဒီ site တွေက သင့်ကိုနည်းလမ်းတွေသင်ပြမှာဖြစ်ပြီး forum တွေကတော့သင့်ရဲ့ကျွမ်းကျင်မှုကိုတိုးပွားစေမှာဖြစ်သလို သင့်ရဲ့သံသယတွေအတွက် အဖြေတွေပေးနိုင်ပါလိမ့်မယ်။
၃။ ကိုယ်ခံပညာ

အစ်ကိုတွေရဲ့အနိုင်ကျင့်တာကိုခံရပြီး သဲအိတ်တွေကိုထိုးတာမျိုးလုပ်ဖူးကြမယ်ထင်ပါတယ်။ အဲဒီအလေ့အကျင့်နဲ့ စိတ်ဆန္ဒကိုပေါင်းစပ်ပြီး ပြန်လည်တိုက်ခိုက်တာတို့ ကြွက်သားတွေကို ကောင်းမွန်စွာအသုံးချတာမျိုးတို့ကိုလုပ်ချင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်သက်ခဲ့ရတဲ့ဒီ ခါးပါတ်နက်ကိုရယူဖို့အတွက် ကျွန်န်ုပ်တို့မှာ အချိန်နဲ့အားစိုက်ထုတ်မှုသိပ်ရှိပုံမရပါဘူး။ စိတ်မပူပါနဲ့။ အင်တာနက်မှာ ကိုယ်ခံပညာနဲ့ပါတ်သတ်တဲ့ နည်းစနစ်တွေ၊သင်ခန်းစာတွေပြည့်နှက်နေပါတယ်။ ဓါးကိုင်ထားတဲ့ လုယက်မယ်သူတစ်ယောက်ကို လက်နှက်ဖြုတ်တဲ့နည်းတွေ bar ထဲက လိင်စိတ်ထကြွနေတဲ့အရက်မူးသမားကို မထနိုင်အောင်နာနာဆော်နိုင်မယ့်တိုက်ခိုက်ရေးနည်းလမ်းတွေကို Youtube မှာ လွယ်လင့်တကူရှာဖွေလေ့လာနိုင်ပါပြီ။ ဒီနည်းလမ်းတွေကို သင့်ရဲ့အိပ်ခန်းကျဉ်းလေးထဲမှာလေ့ကျင့်လို့ရသလို သူရဲကောင်းတစ်ယောက်ဖြစ်နိုင်ဖို့ဆိုတဲ့သင့်ရဲ့အိပ်မက်ကို အကောင်အထည်ဖေါ်နိုင်ဖို့ နောက်ထပ်ခြေလှမ်းသစ်ကို စတင်နိုင်ပါပြီ။
၎။ အချက်အပြုတ်

နေ့စဉ်အစားအစာအနေနဲ့ ကော်ဖီ၊ ခေါက်ဆွဲတွေပဲအမြဲတမ်းစားသောက်နေရတဲ့အခြေအနေမျိုးကို ရောက်ဖူးမယ်ထင်ပါတယ်။ ကျွန်န်ုပ်တို့ကိုယ့်ဆန္ဒအလျောက် တစ်ယောက်ထဲနေထိုင်ဖို့ဆုံးဖြတ်ပြီး အကျက်လွန်နေတဲ့အစားအစာနဲ့ အဆိပ်ဓာတ်ပါဝင်မှုမြင့်မားတဲ့အစားအသောက်တွေစားသောက်နေရတဲ့ ကိုယ့်ဒုက္ခကိုယ်ရှာတဲ့အဖြစ်မျိုးတွေကြုံဖူးမှာပါ။ စိတ်ဖိစီးမှုတွေနဲ့ နှောင့်နှေးကြန့်ကြာမှုတွေကို အမြဲတမ်းကြုံတွေနေရပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်ချက်ပြုတ်ဖို့ အစီအစဉ်ကိုအမြဲ လျစ်လျူရှုခဲ့ကြတယ်။ ကံကောင်းစွာနဲ့ပဲ အချိန်တိုအတွင်းမှာအရသာကောင်းမွန်တဲ့ ဟင်းလျာကိုချက်ပြုတ်ပြင်ဆင်နိုင်တဲ့ နည်းလမ်းတွေကိုသင်ကြားပေးတဲ့ site တွေရှိပါတယ်။ သင်ခန်းစာတွေဟာ ရိုးရှင်းပြီး အချက်အလက်ပြည့်စုံပါတယ်။ ပြီးတော့သင်ခန်းစာကိုကြည့်နေတုန်း လိုက်ချက်လို့ရပါတယ်။ ဒါဟာ စားဖိုမှုးအစစ်တစ်ယောက် သင့်ရဲ့မီးဖိုချောင်ထဲကိုလာပြီး သင်ကြားပေးနေသလိုကောင်းမွန်ပါတယ်။
၅။ အနုပညာရပ်များ

ကျွန်န်ုပ်တို့အားလုံးဟာ တိုးတက်လိုစိတ်ရှိကြတဲ့ ဓာတ်ပုံဆရာတွေ၊ ပန်းချီဆရာတွေ၊ ဂစ်တာသမားတွေ ဖြစ်ကြပါတယ်။ ကံမကောင်းစွာနဲ့ပဲ ဒီပညာရပ်တွေကို သင်ကြားရတာဟာ အချိန်နဲ့ငွေကုန်ကြေးကျလွန်စွာမှများပါတယ်။  ဒါပေမယ့် ဒီသင်ခန်းစာတွေကို internet ကပေးစွမ်းနိုင်ပါလိမ့်မယ်။ သင့်ရဲ့ဝါသနာပါရာပညာရပ်မှာ pro တစ်ယောက်ဖြစ်အောင်လုပ်ပါ။ ဒါမှမဟုတ်ဝါသနာအသစ်တစ်ခုကိုရွေးချယ်လိုက်ပါ။ ဖုန်တက်နေတဲ့ ဂစ်တာဟောင်းတစ်လက်သင့်မှာရှိပါသလား။ အဲဒီ့ဂစ်တာကို သင့်ရဲ့လက်ထဲမှာကိုင်ပြီး သင်အမြဲတမ်းတီးချင်နေတဲ့ သီချင်းကိုရှာဖွေဖေါ်ထုတ်ဖို့အချိန်ဖြစ်ပါတယ်။ အင်တာနက်ဟာ သင့်ရဲ့ အနုပညာအရည်အသွေးအတွက် အလျှင်အမြန်တိုးတက်စေနိုင်ဖို့အတွက် သင်ရှိနေသင့်တဲ့နေရာဖြစ်ပါတယ်။ ပြီးတော့သင့်ကိုဘယ်တော့မှာ စိတ်ပျက်စေမှာမဟုတ်ပါဘူး။
Ref:mensxp

Tuesday, December 24, 2013

အင်တာဗျူးဖက်ရှင် – အလုပ်အင်တာဗျူးသို့ မဝတ်သွားသင့်သည့် အဝတ်အစားများ



(၁)       အရောင်ဆန်းလွန်းတဲ့ လက်သည်းနီ ဒီအချက်ကတော့ ယောကျာ်းလေးကော၊ မိန်းကလေးတွေ အတွက်ပါ။ အရမ်းရှည်လွန်းတဲ့ ဒါမှမဟုတ် သေချာ မညှပ်ထားတဲ့ လက်သည်းတွေဟာ အမှန်တကယ်ကို စိတ်ပျက်ဖွယ်ရာပါ။ သင့်ရဲ့ လက်သည်းများကို သေချာညှပ်ပြီး သပ်သပ်ရပ်ရပ်ဖြစ်နေဖို့ လိုပါတယ်။

(၂)       တချွင်ချွင်မြင်သည့် လက်ဝတ်တန်ဆာများ လက်တစ်ဖက်မှာ လက်စွပ် (၂) ကွင်း နဲ့ နားတစ်ဖက်မှာ နားကပ် တစ်ခုထက်ပိုပြီး မဝတ်ပါနဲ့။ မျက်နှာက အစိတ်အပိုင်းတွေမှာ နားကပ်ဝတ်တာ၊ ခြေချင်းဝတ် ဝတ်တာတွေကို လည်း ရှောင်ရပါမယ်။
(၃)       ခြေချောင်းပွင့် (သို့မဟုတ်) နောက်ပိတ်မရှိသော ဖိနပ်များ ဝတ်ဆင်ခြင်း ထိပ်ပိတ်ပါပြီး နောက်ပိတ်မပါသော ဖိနပ် (mules) များကိုလည်း ရှောင်ရမည် ဖြစ်သည်။ ဖက်ရှင်အောက်နေပြီ ဖြစ်သော ဖိနစ်များကို လွှတ်ပစ်ခြင်း၊ သို့မဟုတ် အခြားသော ပွဲလမ်းသဘင်များအတွက်သာ ထားခြင်းတို့ကို ပြုလုပ်ပါ။
(၄)       ဘာခြေစွပ်မှ မဝတ်ထားသော ခြေထောက်များ ပူအိုက်လွန်းတဲ့ နွေရာသီ ရာသီဥတု ဖြစ်နေလည်း ခြေအိတ်ရှည် ဝတ်ပါ။ ခြေအိတ်ရှည်သည် ကြားနေအရောင်များ သို့မဟုတ် ဖိနပ်နဲ့ လိုက်ဖက်သည့် အရောင်တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။
(၅)       ဒိတ်အောက်နေတဲ့ ဝတ်စုံ ဒီ ဝတ်စုံတွေမှာ အင်္ကျီရင်အုပ်ခေါက်နားက ကြီးလွန်းနေတယ် (၃ လက်မနဲ့ အထက်) ဒါမှမဟုတ် သေးလွန်းနေပါတယ် (၁ လက်မနဲ့အောက်)။ အပ်ချုပ်ဆိုင်ကောင်းကောင်းတစ်ခုက ဒီဝတ်စုံတွေကို ပြင်ပေးနိုင်မှာပါ။ အမျိုးသားတွေအတွက် အပေါ်အင်္ကျီရဲ့ စတိုင်က ခန္ဓာကိုယ် အပြည့် ဖြစ်နေရမည် ဖြစ်ပြီး၊ fit size သို့မဟုတ် အရမ်းကျပ်နေရမယ့်အစား အနည်းငယ်ပွယောင်းနေရမှာ ဖြစ်ပါတယ်။ စကတ်အတိုတွေ ဝတ်မယ်ဆိုရင် စကတ်အောက်အနားက ဒူးအထက် ၃ လက်မထက် မတိုသင့်ပါ။ အင်တာဗျူး သို့ သရီးကွာတာဘောင်းဘီ၊ သို့မဟုတ် legging များ မဝတ်သွားသင့်ပါ။
(၆)       လယ်သာဂျာကင် အမျိုးသားတွေကော၊ အမျိုးသမီးတွေပါ မဝတ်သင့်ပါဘူး။ လယ်သာ ဘလေဇာ ကုတ်ကိုလည်း အင်တာဗျူးသွားတဲ့အခါ မဝတ်သွားသင့်ပါ။ ၄င်းအဝတ်အစားတွေဟာ အပြင်ထွက်မှ ဝတ်ရမှာပါ။
 
(၇)       အမျိုးသားများဝတ်သည့် လယ်ခွံပါဆွယ်တာ ပထမဆုံး အလုပ်အင်တာဗျူးအတွက် လည်စီး (necktie) ဝတ်ဆင်ရန် လိုအပ်ပါတယ်။ အနည်းဆုံး ကော်လာပါ ရှပ်အင်္ကျိကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။
(၈)       အရောင်ကွက်တိကွက်ကျား သို့မဟုတ် ဆန်းလွန်းသော လက်ကိုင်အိတ်များ လက်ကိုင်အိတ်တွေဟာ ရိုးရိုးရှင်းရှင်းနှင့် ထင်ထင်ရှားရှားမရှိသည့် အိတ်များ ဖြစ်နေသင့်ပါတယ်။
(၉)       အနီရောင်ရုံးသုံးလက်စွဲအိတ် -  ရုံးသုံးလက်စွဲအိတ်များ၊ ပိုက်ဆံအိတ်များနှင့် ဖိနပ်များသည် အရောင် ရိုးရိုးနှင့် အခြေအနေ ကောင်းနေရမည် ဖြစ်သည်။ အရောင်ရိုးသည့် အပြာရောင်နှင့် မီးခိုးရောင် အရောင်ကွဲများသည် အကောင်းဆုံး အရောင်များ ဖြစ်သည်။ အလုပ်အင်တာဗျူးသို့ အနက်ရောင်ဝတ်သွားခြင်းသည် တည်ကြည် လေးနက်လွန်းရာ ကျသည်။ အနက်ရောင်ဝတ်သည့်အခါတွင်လည်း သင်၏ ပုံပန်းသဏ္ဍာန်ကို ပျော့ပြောင်းသွားစေရန် မျက်နှာနှင့် အနီးဆုံးတွင် အခြားအရောင် ရှိပါစေ။ အညိုရောင်သည် စီးပွားရေးလုပ်ငန်းဆန်သလား၊ မဆန်သလား ဆိုသည်ကို အငြင်းပွားလျက်ရှိနေသေးတဲ့ အတွက် အဲ့ဒီအရောင်ကို ရှောင်တာတော့ အကောင်းဆုံးပါ။ ဒုတိယ အင်တာဗျူး အတွက် အရောင်မတူညီသော အင်္ကျိ၊ ရှပ်အကျင်္ိ၊ မာဖလာ သို့မဟုတ် လည်စီး ဝတ်ဆင်ခြင်းဖြင့် သင်၏ အဝတ်အစား ပုံစံကို ပြောင်းလဲပစ်လိုက်ပါ။
(၁၀)     အင်တာဗျူးဖြေဆိုချိန်သည် ဖက်ရှင်အလှပြရမည့်နေရာ မဟုတ်ပါ။ သို့သော်လည်းပဲ ဖန်တီးမှု / ဒီဇိုင်း လုပ်ငန်း နယ်ပယ်မှာတော့ အဲ့ဒီလို မဟုတ်ပဲ၊ နာမည်အကြီးဆုံးက စတန့်အထွင်ဆုံးပဲ ဖြစ်ပါတယ်။ တခြားသူတွေကတော့ ခပ်ရိုးရိုး ရှင်းရှင်းပဲ ဝတ်ဆင်ဖို့ ရွေးချယ်တာ ပိုကောင်းပါတယ်။ ကုမ္ပဏီ အတော်များများဟာ ရှေးရိုးဆန်တဲ့ ပရိုဖက်ရှင်နယ် ပုံစံ ဂါဝန်တွေကို ဝတ်ဆင်တာ ပိုသဘောကျနေကြပါတယ် လို့ Wildermuth က ပြောကြားပါတယ်။
သင်ဟာ အလုပ်အကိုင်အသစ်မှာ အလုပ်ဝင်ဖို့ အသင့်ဖြစ်နေတဲ့ ပရိုဖက်ရှင်နယ် တစ်ယောက် ဖြစ်ကြောင်းကို သင် ဝတ်ဆင်တဲ့ အဝတ်အစားတွေဟာ ပြသနေဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ပင်ကိုယ်အသိစိတ်ဓာတ်က ညွှန်ကြားတဲ့ အတိုင်း လိုက်နာမယ်ဆိုရင် အလုပ်အင်တာဗျူး ဝင်ခြင်းရဲ့ နောက်တဆင့်ကို တက်ဖို့ သင့်ရဲ့ အခွင့်အရေးကို ဖျယ်စီးနိုင်တဲ့ ဖက်ရှင် အမှားတွေကို ရှောင်ရှားနိုင်ပါလိမ့်မယ်။ ဒီလိုမျိုး အလုပ်အင်တာဗျူး လျှောက်တဲ့ ဈေးကွက်မှာတော့ သင်ဟာ လှပ ကျော့ရှင်းနေရပြီး၊ သင့်ရဲ့ အပြင်အဆင်ဟာ အလုပ်နဲ့ ကိုက်ညီမှု ရှိတယ်လို့ ပြသနေဖို့ အရေးကြီးပါတယ်။
CREDIT:::::::::::::

- See more at: http://www.myanmarjobsdb.com/articles/jobsearch/interview-fashion-mistakes/#sthash.E8CH1O0h.dpuf
 

Tuesday, December 10, 2013

နည်းလမ်းတကျချဉ်းကပ်ဆောင်ရွက်ခြင်း

PR နှင့်ပတ်သက်ပြီး ရှေ့အပတ်များကတည်းက အပိုင်းခွဲပြီးတင်ပြလာတာ ဒီစာစုက အပိုင်း(၄)ဖြစ်ပါတယ်။ PR လှုပ်ရှားမှုတွေကို ဆက်စပ်မှုမရှိဘဲ တောင်စဉ်ရေမရလုပ်နေတာမျိုးထက် ရေရှည်အတွက် နည်းလမ်းကျတဲ့ PR စီမံကိန်းကိုအကောင်အထည်ဖော်ရန်လိုပါတယ်။ သင့်ရဲ့ PR Campaign ကို အသေးစိတ်စီစဉ်ထားရပါမယ်။စီစဉ်ရာမှာ PR ရည်မှန်းချက်က ရှင်းလင်းရမယ်။ စီမံချက်ရှိရှိဆောင်ရွက်ရမယ်။ တိုးတက်မှုကို စောင့်ကြည့်ရမယ်။ အကျိုးအမြတ်များကို တိုင်းတာရမယ်။ ဒါကြောင့် နံပါတ် (၁၂) အချက်အနေနဲ့ ဆိုလိုချင်တာက PR ကိုနည်းလမ်းတကျ ဆောင်ရွက်ပြီးအဖွဲ့အစည်းနှင့် Marketing Strategies များအတွက်ပါ သေချာအထောက်အကူပြုနိုင်ရပါမယ်။ Strategy ကို သိရှိနားလည်ခြင်း PR ကိုစတင်ဆောင်ရွက်ရာမှာ PRStrategy ကို သတ်မှတ်ရန် လိုပါမယ်။ PRStrategy ဟာ မိမိအဖွဲ့အစည်းရဲ့ CorporateStrategy ကို မဖြစ်မနေအထောက်အကူပြုရပါ့မယ်။ အလားတူပဲ MarketingStrategy နှင့် ဆက်နွယ်မှုလည်းရှိရပါ့မယ်။PR Strategy အရ စီမံချက်ရေးဆွဲရာမှာMarketing ကို အထောက်အကူပြုနိုင်တဲ့လုပ်ငန်းတွေကိုပါ ထည့်သွင်းရေးဆွဲဆောင်ရွက်နိုင်ခြင်းကြောင့်ဖြစ်တယ်။ ဒါကြောင့်နံပါတ် (၁၃) အချက်အနေနဲ့ PR ကို နည်းလမ်းတကျအသုံးချခြင်းဖြင့် လူထုအကြားမကောင်းသတင်းကျော်ကြားမှုကို ကြိုတင်တားဆီးနိုင်၊ ရှောင်လွှဲနိုင်တယ်လို့ ဆိုချင်ပါတယ်။ နောက်ပြီးဖြစ်လာမှ ခုခံဖြေရှင်းရတာထက် ကြိုတင်ကာကွယ်တှဲ့အမအေနါပကို ဖော်ဆောင်ရမယ်လို့နံပါတ် (၁၄)အချက်အဖြစ် ဆိုရပါ့မယ်။ ရည်မှန်းချက်များ ချမှတ်ခြင်း Strategic Planning ကို ရေးဆွဲရာမှာရည်ရွယ်ချက်များကို ဦးစွာချမှတ်ရမှာဖြစ်တယ်။ ရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်ရမယ်။ အဖွဲ့အစည်းရဲ့ ဂုဏ်သတင်းကျော်ကြားမှု တိုးတက်စေရန်၊ အမြတ်အစွန်းမြင့်မားလာစေရန် သို့မဟုတ် မိမိအတွက် အဓိကကျတဲ့အုပ်စုများနှင့် အင်အားကောင်းတဲ့ဆက်ဆံရေးတည်ဆောက်ရန် ဇောင်းပေးရမယ်။ လုပ်ငန်းစချိန်မှာ ရည်ရွယ်ချက်ကိုရေးဆွဲရတာဖြစ်ပေမဲ့ အဲဒီအတွက် အချိန်ယူဆောင်ရွက်စေသင့်တယ်။ ဒီနေရာမှာမမေ့သင့်တဲ့အချက်များကတော့ ရည်ရွယ်ချက်များဟာ ရှင်းရန်လိုတယ်၊ တိတိကျကျရှိရမယ်၊ ပြတ်သားရမယ်၊ တိုင်းတာနိုင်ရမယ်၊ အချိန်ကာလတစ်ရပ်အတွင်းမှာဆောင်ရွက်နိုင်ရမယ်။ လျော်ကန်ပြီးတည်တံ့အောင် ဆောင်ရွက်ရမယ်။ အခြေအနေနှင့် အချိန်အခါအရ ပြင်ဆင်နိုင်ရမယ်။ထားရှိတဲ့ ပန်းတိုင်ကတကယ် အကျိုးရှိရမယ်။ ဦးတည်ပရိသတ်ကို သတ်မှတ်ခြင်း အဖွဲ့အစည်းအများစုမှာ ကွဲပြားတဲ့ပရိသတ်များရှိကြတယ်။ သူ့တို့ထဲက ဘယ်သူတွေကို ဦးတည်ပြီးနည်းလမ်းတကျချည်းကပ်မှာလဲ၊ မိမိပရိသတ်ထဲက အချို့က ကျန်တဲ့သူတွေထက် ပိုအရေးကြီးတတ်လို့ သူတို့ကို ပိုအာရုံစိုက် ဆွဲဆောင်ရလေ့ရှိတယ်။ ပရိသတ်ထဲမှာ မိမိရဲ့ ဖောက်သည်များ၊ ၀န်ထမ်းများ၊ မီဒီယာများ၊ ပြည်သူပြည်သားများ၊ ရင်းနှီးမြုပ်နှံသူများ ဒါမှမဟုတ် အစုရှယ်ယာရှင်များ၊ ဈေးကွက်သုတေသီများ၊ မိမိလုပ်ငန်းတွင် ပါဝင်သော အခြားပုဂ္ဂိုလ်များ၊ ဒေသခံများ၊ဒေသ၊ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရစတာတွေ ပါနိုင်ပါတယ်။ဒါကြောင့် ဆွဲဆောင်နိုင်တဲ့ PR ကို အသုံးပြုခြင်းဖြင့်မိမိဦးတည်ပရိသတ်က မိမိအဖွဲ့အစည်းအပေါ် ပုံဖော်တဲ့နေရာမှာ မကောင်းမမြင်အောင် ကူညီနိုင်တယ်လို့နံပါတ် (၁၅) အချက်အဖြစ် ဆိုချင်ပါတယ်။ အသိပေးချင်တဲ့အချက်ကို သတ်မှတ်ခြင်း အဖွဲ့အစည်းတိုင်းမှာ အဓိကပေးချင်တဲ့သတင်းစကားရှိကြတယ်။ ဥပမာ- မိမိအဖွဲ့က ဘယ်လိုဆန်းသစ်တီထွင်မှုတွေလုပ်ထားတယ် ဒါမှမဟုတ် ဘယ်လိုပြုစုစောင့်ရှောက်မှုပေးတယ်ဆိုတာတွေ ပါဝင်တယ်။ အဓိကပရိသတ်အတွက် ပုဂ္ဂိုလ်ရေးအရပေးအပ်တဲ့ သတင်းအချက်တွေလည်းပါနိုင်ပါတယ်။ မိမိထုတ်ကုန်အသစ်ကိုမိတ်ဆက်တဲ့အခါ ဥပမာ-ရင်းနှီးမြုပ်နှံထားသူတွေက မိမိရဲ့ရှယ်ယာဈေးနှုန်းအပေါ် ဘယ်လိုသက်ရောက်နိုင်တယ်ဆိုတာ သိချင်ကြတယ်။ မီဒီယာနှင့် ဒေသခံတွေက သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်နိုင်သလဲဆိုပြီး စိတ်ဝင်စားနိုင်တယ်။သူတို့သိလိုတဲ့ အချက်အလက်နဲ့ သင့်တော်သလိုပေးတတ်ဖို့လိုတယ်။ မိမိရဲ့တန်ဖိုးကိုမြင့်တင်ပေးနိုင်တဲ့ သတင်းအချက်က ဘာလဲဆိုတာ သတ်မှတ်ရမယ်။ သူကို့ ပေးပို့မယ့်လမ်းကြောင်းကိုရှာရမယ်လို့ နံပါတ်(၁၆)အချက်အဖြစ် ဆိုရပါမယ်။ ရည်ရွယ်ချက်ကို အထမြောက်စေခြင်း ချခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့ပါဝင်တယ်။ မိမိရဲ့ရည်ရွယ်ချက်ကို ရောက်အောင် ဘယ်လိုလုပ်မလဲ။ သင့်ရဲ့ဦးတည်ပရိသတ်ထံပေးလိုတဲ့ သတင်းစကားကိုပေးမယ့်နည်းလမ်းကဘာလဲ။ ရည်ရွယ်ချက်တစ်ခုစီကို ရောက်အောင် ကူညီနိုင်မယ့် သင့်ရဲ့အကြံအစည်တွေကို အစီအစဉ်အလိုက်စုဖွဲ့ထားရမယ်။ အဲဒီအကြံအစည်တစ်ခုစီအတွက် စရိတ်ကိုတွက်ချက်ထားရမယ်။ အဲဒီအထဲက ဘယ်တစ်ခုကို အကောင်အထည်ဖော်မလဲဆိုတာ ဆုံးဖြတ်ရမယ်။ လှုပ်ရှားမှုတစ်ခုစီအတွက် အချိန်ဇယားရှိရမယ်။ လုပ်ငန်းအလိုက် ဘယ်သူတာဝန်ယူရမယ်ဆိုတာလည်း အသေးစိတ်ပါဝင်ရမယ်။ စမယ့်နေ့၊ ပြီးရမယ့်နေ့ သတ်မှတ်ထားရမယ်။ လုပ်ငန်းအကောင်အထည်ဖော်မှုကို ပုံမှန်ညှိနှိုင်းအစည်းအဝေးလုပ်ရမယ်။ ကားချပ်တွေ၊ ပုံတွေနှင့် ဆွေးနွေးမယ်။ ပြဿနာတွေကို အဖြေရှာကြရမယ်။ အောင်မြင်မှုရအောင် စီမံချက်ချရာမှာ PR Team က ဦးတည်ပရိသတ်ထံ ပေးချင်တဲ့သတင်းစကားကို ဘယ်လိုထိရောက်တဲ့နည်းလမ်းနှင့် ပေးမလဲဆိုတာပြောရမယ်။ အဲဒီအချက်တွေနဲ့ သင့်တော်မည့်ဘယ်လမ်းကြောင်းကို သုံးမလဲဆိုတာရွေးရမယ်။ ဒီတော့ နံပါတ် (၁၇)အချက်အနေနဲ့နည်းလမ်းတကျ စီမံချက်ရေးဆွဲရန် လုပ်တဲ့အစည်းအဝေးသို့ အဓိကလုပ်ဖော်ကိုင်လက်တွေကို ဖိတ်ဖို့လုပ်ပါလို့ ဆိုရပါမယ်။ စီမံချက်ကို မှတ်တမ်းတင်ခြင်း PR Strategy တစ်ခုဟာ ရေးထားတဲ့အထောက်အထားတစ်ခုဖြစ်ရပါမယ်။ခေါင်းထဲမှာပဲ ထားရတဲ့အကြံအစည်အစုအဝေးတစ်ခုပဲ မဖြစ်သင့်ပါဘူး။ ရေးချထားရင် အထမြောက်ဖို့ ဘာလိုသလဲဆိုတာကိုအာရုံစူးစိုက်နိုင်ဖို့ အကူအပံ့ဖြစ်နိုင်တယ်။ဘယ်လိုလုပ်မယ်၊ ဘယ်တော့လုပ်မယ်စတာတွေ အပါအ၀င်ပေါ့။ အများနှင့်သက်ဆိုင်သမျှကို အသေးစိတ်မှတ်တမ်းတင်ရမယ်။ အဓိကကျတဲ့ သတင်းစကားကိုဘယ်သူ့ထံပေးတယ်ဆိုတာ အပါအ၀င်ဖြစ်တယ်။ ရည်ရွယ်ချက်တွေလည်းပါရမယ်။မိမိရဲ့အောင်မြင်ဖို့လိုတဲ့ အကြံအစည်တွေလည်းပါမယ်။ ဘယ်ဟာက ဘယ်လောက်အောင်မြင်တယ်ဆိုတာကို ဆန်းစစ်ဖို့ ဘာနဲ့တိုင်းတာမလဲဆိုတာပါရမယ်။ ကြားဖြတ်ဆန်းစစ်မှုအတွက် ရက်သတ်မှတ်ရမယ်။ှအမအေနါပ ရဲ့နောက်ဆုံးအပိုင်းကတော့လုပ်ဆောင်မည့် အချိန်ဇယားပဲဖြစ်တယ်။ဒီတော့ PR Strategy ကို (၆)လတစ်ကြိမ် ပြန်ဆန်းစစ်ပါဆိုတာကို နံပါတ်(၁၈)အချက်အနေနဲ့ ဖော်ပြပါတယ်။နံပါတ် (၁၉)ကတော့ PR လုပ်ရှားမှုတိုင်းဟာ အောင်မြင်မှုအတွက် အရှိန်မြှင့်ပေးခြင်းဖြစ်တယ်လို့ ဆိုပါရစေ။ ထိရောက်မှုကို အကဲဖြတ်ခြင်း လုပ်ငန်းဆောင်ရွက်တာ ထိရောက်ရဲ့လားလို့ တိုင်းတာခြင်းဟာ နည်းလမ်းတကျဆောင်ရွက်တဲ့ PR လုပ်ငန်းရဲ့အရေးပါတဲ့အခြေခံအချက်ဖြစ်တယ်။ ရည်ရွယ်ချက်အတိုင်း ဖြစ်၊မဖြစ် တိုင်းတာခြင်းဖြစ်တယ်။မေးခွန်းလွှာတွေသုံးနိုင်တယ်။ အခြားသုတေသနနည်းလမ်းတွေကိုလည်း သုံးနိုင်တယ်။ မိမိပေးတဲ့သတင်းစကားက ဦးတည်ပရိသတ်ကို ရောက်ရဲ့လားဆိုတာနှင့်မိမိရချင်တဲ့ရလဒ်ရသလားဆိုတာကို ဆန်းစစ်ဖို့ဖြစ်တယ်။ PR Campaign မစမီနှင့်ပြီးတဲ့အချိန်မှာ သုတေသနလုပ်ရမယ်။ဘယ်နည်းလမ်း၊ ဘယ်ပရိယာယ်ကအလုပ်ဖြစ်သလဲဆိုတာအကဲဖြတ်ရမယ်။ ဒီကရတဲ့ အသိပညာကနောက်တစ်ကြိမ်ကျရင်ပိုပြီးထိထိရောက်ရောက်လုပ်နိုင်ဖို့ အကူအညီရမှာဖြစ်တယ်။အဲဒီတော့ ဇာတ်ပေါင်းရအောင်၊ဏျွ ကောင်းရင် ၀န်ထမ်းတွေရဲ့ တာဝန်ပျက်ကွက်မှုကို လျော့ကျစေတယ်၊ PRပြဿနာတွေကို တီထွင်ဆန်းသစ်ဖြေရှင်းကြည့်ပါလို့ နံပါတ် (၂၀)နှင့် (၂၁)အချက်အဖြစ် တင်ပြရင်းဒီအပတ်စာစုကို နိဂုံးချုပ်တယ်။ နောက်တင်ပြမယ့် ခေါင်းစဉ်ကတော့ PR အတတ်ကိုဖွံ့ဖြိုးစေခြင်းပဲ ဖြစ်တယ်။ စောင့်မျှော်ဖတ်ရှုကြည့်ပါ။ Source: HR Journal