ပျာ်ရာမှာမနေရ၊ တော်ရာမှာ နေ ရမည်ဟု ဆိုရိုးစကားရှိပါသည်။ သို့သော်
ဖြစ်နိုင်လျှင် လူအများသည် ပျော်ရာမှာပဲ နေလိုကြပါသည်။ အထူးသဖြင့် အလုပ်
သမားများသည် ပျော်မွေ့စရာကောင်း သော လုပ်ငန်းခွင်မျိုးမှာသာ စွဲစွဲမြဲမြဲ
လုပ် ကိုင်လိုတတ်ကြပါသည်။ ပျော်မွေ့စရာ ကောင်းသောလုပ်ငန်းခွင်ဟုဆိုရာတွင်
ကာယလည်း ကာယအလျောက်၊ ဥာဏ လည်း ဥာဏအလျောက် တန်ဖိုးထားလေး စားခံရသော၊
နွေးနွေးထွေးထွေး ဆက်ဆံခံ ရသော လုပ်ငန်းခွင်မျိုးကိုဆိုလိုပါသည်။
သင့်တင့်သော လုပ်ခလစာရရှိလင့် ကစား အလုပ်သမားများ၏ အရေးပါမှုအ ခန်းကဏ္ဍကို
အလေးမထားဘဲ "မင်းတို့၊ ငါတို့" ဟူသောသဘောဖြင့် အဆင့်အ တန်းခွဲခြားတတ်သော
လုပ်ငန်းခွင်မျိုးတွင် မည်သည့်အလုပ်သမားမျှ မလုပ်ကိုင်လို ကြပေ။
ယင်းသို့သောလုပ်ငန်းခွင်မျိုးတွင် ဝမ်းရေးကြောင့် မလွှဲသာမရှောင်သာ
ဝင်ရောက်လုပ်ကိုင်ကောင်းလုပ်ကိုင်ပါ လိမ့်မည်။ သို့သော် သစ်မရခင် ဝါးပေါင်း
ကွပ်ဆိုသလို တခြားအလုပ်အကိုင် မရမီ ခေတ္တခဏဝင်ရောက်လုပ်ကိုင်သည့် သ
ဘောသာရှိသည်။ စွဲစွဲမြဲမြဲလုပ်ကိုင်လိမ့် မည်မဟုတ်ပေ။ ကုမ္ပဏီတစ်ခုတွင်
အရင်းအနှီး အင်အား ဘယ်လောက်ပဲတောင့်တောင့်၊ အသုံးပြုသည့်
စက်ပစ္စည်းကိရိယာတွေ ဘယ်လိုပဲကောင်းကောင်း အလုပ်သမား
များစွဲစွဲမြဲမြဲမလုပ်ကြဘဲ အဝင်အထွက် (Labour Turnover) များနေပြီဆိုလျှင်
ထို ကုမ္ပဏီ ကြီးပွားတိုးတက်အောင်မြင်လိမ့် မည်မဟုတ်ပေ။ ရေရှည်ရပ်တည်နေနိုင်
လိမ့်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆို သော် ထိုကုမ္ပဏီတွင် ထူးကဲသော အမာခံ
စွမ်းရည် (Core Competency) မရှိသော ကြောင့်ဖြစ်သည်။ ထူးကဲသော အမာခံ
စွမ်းရည်ဆိုသည်ကတော့ ဈေးကွက်အ တွင်း ယှဉ်ပြိုင်မှုအားသာချက် (Competative
Advantage) ရရှိအောင် ကုမ္ပဏီ၏ ငွေကြေး အင်အား၊ ပစ္စည်းအင်အားနှင့်
လူ့စွမ်းအား အရင်းအမြစ်တွေကို ဟန်ချက်ညီညီ စု
စည်းပေါင်းစပ်အသုံးပြုနိုင်စွမ်းကို ဆိုလိုပါ သည်။
စက်မှုခေတ် (industrial age) မှသည် ပညာခေတ် (knowledge age) ဆီသို့
ပြောင်းလဲလာပြီဖြစ်သော ဤ ၂၁ ရာစုတွင် လုပ်ရည်ကိုင်ရည်ပြည့်ဝသော
အလုပ်သမားဝန်ထမ်းများကို သူ့ထက်ငါ သာ အပြိုင်အဆိုင်စုဆောင်း ခေါ်ယူကြရ
ပါတော့မည်။ ထိုသို့ အပြိုင်အဆိုင်ခေါ် ယူရာတွင် လုပ်ငန်းခွင်အခြေအနေကို အ
ကောင်းဆုံးဖြစ်အောင်ဖန်တီးပေးနိုင်သော ကုမ္ပဏီများကသာ တော်ပေ့ကောင်းပေ့
ဆိုသည့် အလုပ်သမားဝန်ထမ်းများကို ဆွဲ ဆောင်ထားနိုင်ပါလိမ့်မည်။ ထို့အတွက်
လုပ်ငန်းခွင်အတွင်းမှာ သွေးကွဲစေမည့်၊ စိတ်ဓာတ်ကျစေမည့်၊ မကျေမနပ်ဖြစ်စေ
မည့်အခြေအနေများကို စိုက်ခင်းမှာ ပေါင်း သင်သလိုဖယ်ရှား ထားနိုင် ရပါမည်။
တစ် နည်းဆိုရသော် မန်နေဂျာများကိုရော အ လုပ်သမားများကိုပါ
လုပ်ငန်းခွင်အတွင်း ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထား (self-esteem)
တတ်အောင်လေ့ကျင့်သင်ကြားပေးထားရ ပါလိမ့်မည်။
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုဟု ဆိုရာတွင် လူတစ်ဦး၏ ကိုယ့်ကိုယ်ကိုယ်
လေးစားမှု (self-respect)၊ ကိုယ့်ကိုယ် ကိုယ်ယုံကြည်အားထားမှု
(self-confidence) နှင့် ကိုယ့်တာဝန်ကိုယ် သိ တတ်ကျေပွန်မှု
(self-responsibility) တို့ အပေါ်ခံယူသော သဘောထားကိုဆိုလို ပါသည်။
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုမှာ ကာယကံရှင် ကိုယ်တိုင်က လိုလိုလားလား
ပြုစုပျိုးထောင်ပါမှ ရှင်သန်လာနိုင်သည့် အရည်အသွေးတစ်ရပ်ဖြစ်ပါသည်။ တခြား
လူတွေက ပြုစုပျိုးထောင်ပေးလို့မရပါ။ ပံ့ပိုး ကူညီမှုကိုသာပဲပေးလို့ရပါသည်။
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု အရည်အသွေးမြင့်မားသူသည် ဘဝ ပြဿနာအထွေထွေကို
ထိထိရောက် ရောက်ဖြေရှင်းတတ် သူဖြစ်သည်။ ရည်ရွယ် ချက်ကြီးမားသလို၊
တီထွင်ဖန်တီးနိုင်စွမ်း ကလည်းထက်မြက်သည်။ အပြုအမူ၊ အ ပြောအဆို၊ အနေအထိုင်
ယဉ်ကျေးသိမ် မွေ့ပြီး တခြားသူများကိုဖေးဖေးမမ လေး လေးစားစား ဆက်ဆံတတ်သည်။
ထို့ ကြောင့် တခြားသူများကလည်း သူ့ကို ချစ်ခင်လေးစားတတ်ကြပါသည်။
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုကို မည်သို့ပြုစုပျိုးထောင်ရမည်နည်း။
မိမိရဲ့ လုပ်ဖော်ကိုင်ဖက်တွေ သူတို့ကိုယ်သူတို့ တန်ဖိုးထား တတ်လာအောင်
မည်သို့ ပံ့ပိုးကူညီရမည်နည်း။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု ရှင်
သန်စေနိုင်သည့် အပြုအမူပိုင်းဆိုင်ရာ သော့ချက် ၈ ချက်ရှိပါသည်။ တစ်ဖန်
သော့ချက် တစ်ခုချင်းတွင် အသိစိတ်ဖြင့် လက်တွေ့ လိုက်နာ ကျင့်သုံးရမည့်
အပြုအ မူများ သတ်သတ်မှတ် မှတ်ရှိနေပြန်ပါ သည်။ သော့ချက် တစ်ခုချင်းအလိုက်
လက်တွေ့လိုက်နာကျင့်သုံးရမည့် အပြုအ မူများမှာဤသို့တည်း။ တခြားသူများကို
လေးစားပါ ယေဘုယျ အားဖြင့်ဆိုရသော် လူအ တော်များများသည် သူတို့၏ဘဝတွင်
တခြားသူများရဲ့ လေးစားမှုကို ထိုက်ထိုက် တန်တန်မရရှိခဲ့ကြဖူးပါ။
သို့ဖြစ်၍လည်း လူအများသည် တခြားသူများအား မည်သို့ မည်ပုံ
လေးလေးစားစားဆက်ဆံရမလဲ ဆိုတာကို ခြေခြေမြစ်မြစ်သိနားလည်ခြင်း မရှိကြပါ။
အဆိုးရွားဆုံးအနေအထားမှာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု အရည်အ
သွေးနိမ့်ပါးသူတို့သည် အကျဉ်းထဲအ ကျပ်ထဲရောက်သွားသည့်အခါ စိတ်မထိန်း
နိုင်ကြတော့ဘဲ ရှူးရှူးရှားရှား ရိုင်းရိုင်းပျပျ ပြုမူပြောဆိုတတ်ကြခြင်း
ဖြစ်ပါသည်။ တခြားသူများအား မည်သို့လေးစား ရမည်ဆိုတာကို အလုပ်သမားများ စံနမူ
နာအဖြစ်အတုယူနိုင်အောင် မန်နေဂျာများ က အမူ အရာအားဖြင့်ပြသနိုင်ရပါမည်။
ထို့အတွက် - အလုပ်သမားများအား စာနာထောက် ထားစိတ်ဖြင့်
ရည်ရည်မွန်မွန်ပြောဆို ဆက်ဆံရသည်။
အလုပ်သမားတစ်ဦးဦးက သူတွေ့ကြုံနေ ရသည့်အခက်အခဲတွေကို ရင်ဖွင့်လာေ သာ အခါ
စာနာစိတ်ဖြင့် စိတ်ဝင်တစား (emphatically and attentively) နား ထောင်ရသည်။
အလုပ်သမားများနှင့် စကားပြောရာမှာ ဖြစ်စေ၊ သူတို့ပြောသည်ကို နားထောင်ရာ
မှာဖြစ်စေ အကြည့်ချင်းဆုံ (eye contact) ပြီးပြောဆိုနားထောင်ရသည်။
အလုပ်သမားများအား အထက်စီးလေသံ တင်စားသည့်ဟန်ဖြင့် ပြောဆိုဆက်ဆံတာ
မျိုးကိုရှောင်ရှားရသည်။ ထေ့လုံးငေါ့လုံး တွေကိုလည်း မသုံးစွဲရပါ။
ဤသည်တို့မှာ တခြားသူများနှင့် ဆက်ဆံရာမှာ မိမိ၏လေးစားမှုကို ထုတ်
ဖော်ပြသရာရောက်သော ကိုယ်နှုတ်အမူ အရာများဖြစ်ကြပါသည်။ မန်နေဂျာများ က
ယင်းသို့သော ကိုယ်နှုတ်အမူအယာ တို့ကို အလုပ်သမားများအား ထုတ်ဖော်ပြ
သခြင်းဖြင့် တခြားသူများအား မည်သို့ မည်ပုံလေးလေးစားစား ပြောဆိုဆက်ဆံရ
မလဲဆိုတာကို အထူးတလည် ဟောပြော သင်ကြားပို့ချနေစရာလိုတော့မည် မဟုတ် ပါ။
မည်သို့သော အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် မန်နေဂျာများအနေဖြင့် အလုပ်
သမားများအား ဆူပူကြိမ်းမောင်းခြင်း၊ မထီ လေးစားဆက်ဆံခြင်းတို့ဖြင့်
အလုပ်သမား များ အစွမ်းကုန်ကြိုးစားလုပ်ကိုင်လာကြ လိမ့်မည်လို့
မျှော်လင့်စရာအကြောင်း လုံး လုံးမရှိဘူးဆိုတာကို သတိပြုနိုင်ရပါလိမ့် မည်။
မြေတောင်မြှောက်ပေးပါ။ လုပ်ပိုင်ခွင့် ပေးပါ
လုပ်ငန်းခွင်အတွင်း တိုးတက်မှု အတွက် လိုအပ်သောအသိပညာနှင့်
ကျွမ်းကျင်မှုရှိလာအောင် လေ့ကျင့်ပညာ ပေးခြင်းဖြင့် အလုပ်သမားများအား
မြေတောင်မြှောက်ပေးရသည်။ ထို့အပြင် အလုပ်သမားများအား အလုပ်တာဝန်
သတ်သတ်မှတ်မှတ်ပေးပြီး ယင်းအလုပ် တာဝန်ကို ပြီးပြီးမြောက်မြောက် လုပ်နိုင်
အောင် ပံ့ပိုးပေးရသည်။ တစ်နည်းဆိုရ သော် ကိုယ့်တာဝန်ကိုယ် သိတတ်ကျေပွန်
အောင် အလုပ်သမားများအား အလုပ်တာ ဝန်နှင့်အတူ လုပ်ပိုင်ခွင့်ကိုပါပေးအပ်ရ
သည်။ လေ့ကျင့်သင်ကြားပေးခြင်း မရှိပါ က အလုပ်သမားများသည် အလုပ်ကို
ထမြောက်အောင်မြင်အောင် လုပ်ကိုင်နိုင် စွမ်းရှိကြ မည်မဟုတ်ပေ။
တာဝန်နှင့် လုပ် ပိုင်ခွင့်မရှိပါကလည်း အလုပ်သမားများ သည်
ကိုယ်ပိုင်စဉ်းစားဥာဏ်ကို အသုံးမ ပြုကြတော့ဘဲ စက်ရုပ်လူသားတွေ ဖြစ်
ကုန်ကြပါလိမ့်မည်။ လုပ်တတ်ကိုင်တတ်အောင် လေ့ ကျင့်သင်ကြားခံရသော
အလုပ်သမားများ သည် ထြွကနိုးကြားလာကြပါလိမ့်မည်။ အကြောင်းကတော့
သူတို့တစ်တွေရဲ့ အရည်အသွေးများ တောက်ပြောင်လာ အောင် လုပ်နိုင်သည့်
အခွင့်အလမ်းများ သူတို့မှာရှိနေသည်ဆိုတာကို သိမြင်လာ
ကြသောကြောင့်ဖြစ်ပါသည်။ အလားတူ တာဝန်နှင့်အတူ လုပ်ပိုင်ခွင့်ပါအပ်နှင်း
ခံရသော အလုပ်သမားများသည် သွက် လက်ထက်မြက်လာကြမည်ဖြစ်သည်။ အဘယ့်
ကြောင့်ဆိုသော် သူတို့မှာရှိသည့် အစွမ်းအစတွေကို ထုတ်ယူသုံးစွဲနိုင်ခွင့်
ရရှိလာကြသောကြောင့်ဖြစ်သည်။ ဤသို့ ဖြင့် အလုပ်သမားများသည် သူတို့၏
ဘဝကိုသူတို့ကိုယ်တိုင် ထိထိရောက် ရောက်ပြုပြင်ပြောင်းလဲနိုင်ကြောင်း ထုတ်
ဖော်ပြသလာကြမည်ဖြစ်ပါသည်။
အပြောနှင့်အလုပ်ညီအောင်နေပါ
အပြောနှင့်အလုပ် ညီအောင်နေ ပါဟု ဆိုရာတွင် အဓိကအပိုင်း ၂ ပိုင်း
ရှိပါသည်။ တစ်ပိုင်းက မိမိ၏ အပြောအ ဆို၊ အပြုအမူသည် မိမိ၏ရင်တွင်းမှာ ဖြစ်
ပေါ်နေသောခံစားမှုနှင့် ထပ်တူကျနေခြင်း ဖြစ်ပါသည်။ နောက်တစ်ပိုင်းကတော့ မိမိ၏
အပြောအဆို၊ အပြုအမူသည် မိမိ၏စရိုက်လက္ခဏာ၊ မိမိ၏ ကိုယ်ပိုင်
တန်ဖိုးထားမှုတို့အပြင် လုပ်ငန်းအဖွဲ့အ စည်း၏ တန်ဖိုးထားမှုနှင့်လည်း ကိုက်ညီ
နေရပါမည်။ အပြောနှင့်မကိုက်ညီသော စီမံခန့်ခွဲ မှုလုပ်ရပ်များက
စီမံခန့်ခွဲသူများအပေါ် အယုံအကြည်ကင်းမဲ့စေတတ်ပါသည်။ ယုတ်စွအဆုံး
အလုပ်သမားများအား ဇဝေ ဇဝါဖြစ်စေတတ်ပါသည်။ စီမံခန့်ခွဲသူများ က
အလုပ်သမားများအား အရှိကိုအရှိ အတိုင်း၊ အမှန်ကိုအမှန်အတိုင်း ပွင့်ပွင့်
လင်းလင်းပြောဆိုဆက်ဆံခြင်းဖြင့် အလုပ် သမားများ၏ယုံကြည်မှုကို ရယူနိုင်ကြ
ပါသည်။ စီမံခန့်ခွဲသူများကိုယ်တိုင်က မိမိတို့တွေ့မြင်သည့်အတိုင်း၊
မိမိတို့ ခံစားရ သည့်အတိုင်း အလုပ်သမားများအား ပြောဆိုဆက်ဆံတာမျိုး
မလုပ်ခဲ့ဖူးဘူးဆို လျှင် အလုပ်သမားများကလည်း စီမံခန့်ခွဲ သူများအား
ပွင့်ပွင့်လင်းလင်းပြောဆို ဆက်ဆံကြလိမ့်မည်မဟုတ်ပေ။
လုပ်ငန်းခွင်လုံခြုံမှုကို ဖန်တီးဖော် ဆောင်ပေးပါ
လုပ်ငန်းခွင်လုံခြုံမှုဟုဆိုရာတွင် အလုပ်သမားများအနေဖြင့် လှောင်ပြောင်
ခံရမှာ၊ ပြစ်တင်ရှုတ်ချခံရမှာ၊ အကြိမ်းအ မောင်းခံရမှာအစရှိသည်တို့ကို
စိုးရိမ် ကြောက်ရွံ့နေစရာမလိုဘဲ အကြံÓဏ် များပေးရဲ၊ ပြောရဲဆိုရဲ၊
ဆွေးနွေးရဲသည့် လုပ်ငန်းခွင်အနေအထားကို ဆိုလိုပါသည်။ ထိုသို့သော
လုပ်ငန်းခွင်အနေအထားမျိုး ရှိပါမှ အမှားပြုမိသော အလုပ်သမားတစ် ဦး
"ကျွန်တော်မှားသွားပါတယ်ခင်ဗျား" လို့ ဆိုပြီး
သူ့အမှားကိုဝန်ခံရဲပါလိမ့်မည်။ "ဒါကိုတော့ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့
ကျွန်တော်သိအောင်လုပ်ပါ့မယ်" ဟူသောစကားမျိုးကို အလုပ်သမားတစ်ဦး
ပြောရဲဆိုရဲအောင် အခြေအနေဖန်တီးပေး နိုင်သူမှာ
သူ့အထက်လူကြီးစီမံခန့်ခွဲသူဖြစ် ပါသည်။ အလုပ်သမားများသည် လုပ်ငန်းခွင်
လုံခြုံမှုရှိသည်ဟု သိမြင်လာကြသောအခါ လူ့သဘော လူ့သဘာဝအလျောက် အမေး
အမြန်းထူလာကြပါလိမ့်မည်။ စူးစမ်းလေ့ လာလိုစိတ်ရှိလာကြပါလိမ့်မည်။ လုပ်ငန်း
ခွင်လုံခြုံမှုမရှိဟုခံစားကြရသော် အလုပ် သမားများသည် အရာရာကိုလွန်လွန်ကဲ
ကဲထိန်းချုပ်နေတတ်ကြပါသည်။ ပြောမှား ဆိုမှား၊ လုပ်မှားကိုင်မှားဖြစ်မှာကို
ကြောက် ရွံ့နေတတ်ကြပါသည်။ သို့ကြောင့် လုပ် ငန်းခွင်အတွင်း
အရာရာမှာခိုးလိုးခုလု ဖြစ် နေပါလိမ့်မည်။ ထိုသို့သော အခြေအနေ မျိုးတွင်
အလုပ်သမားများသည် သူတို့ အစွမ်းအစရှိသလောက် ကြိုးစားအား ထုတ်လုပ်ကိုင်ကြမည်
မဟုတ်ပေ။
ထို့ကြောင့် အလုပ်သမားများ၏ တီထွင်မှု၊ အပြုသဘောဖြင့် ပြဿနာဖြေ ရှင်းမှု၊
ပွင့်ပွင့်လင်းလင်းဆက်ဆံမှုနှင့် ဟန် ချက်ညီညီအစုအဖွဲ့အလိုက် လုပ်ဆောင်မှု
တို့ကို ဦးတည်သောလုပ်ငန်းခွင်လုံခြုံမှုကို စီမံခန့်ခွဲသူများက
ဖန်တီးဖော်ဆောင်ပေး နိုင်ကြရပါမည်။ မည်သို့မည်ပုံ ဖန်တီးပေးရ
မလဲဆိုတာကိုလည်း တတ်သိနားလည် အောင်ဆည်းပူးလေ့လာနေကြရပါမည်။
ဆက်လက်တင်ပြပါမည်။
Ref: HR journal
No comments:
Post a Comment