သင်ဟာ အသစ်အသစ်တွေကို ဖန်တီးနိုင်သော လူတစ်ယောက်လား။ ဒီလိုမေးလိုက်တဲ့
အခါကျရင် လူအများစုကတော့ သူတို့ကိုယ်သူတို့ ဒီလိုလူမျိုးဟုတ်တယ်ဆိုတာ
ပြန်ဖြေတတ်ကြပါတယ်။
တကယ့် အသစ်တွေကို တီထွင်ဖန်တီးနိုင်တဲ့သူတွေဟာ သူများဖန်တီးထားတဲ့
အရာတွေဆီကနေ မှီငြမ်းခြင်း မရှိကြပါဘူး။ သူတို့တွေက အသစ်ကွန့်မြူးပြီး
သူများတွေနဲ့ မတူတဲ့ ကုန်ပစ္စည်းတွေ၊ application တွေနဲ့ ဝန်ဆောင်မှုတွေကို
သူတို့အတွက် အမြဲတမ်း လုပ်ဆောင်တတ်ကြလို့ပါပဲ။ ဒီလိုလူမျိုးတွေက
သူများတွေနဲ့ ပြိုင်ဆိုင်ရမယ့် အစား သူတို့ကိုယ်သူတို့ ပြန်ပြိုင်နိုင်ဖို့
အမြဲကြိုးစားတတ်ကြပါတယ်။ အကယ်လို့ လူတစ်ယောက် ဒါမှမဟုတ် company တစ်ခုက
သူတို့ ဖန်တီးထားတဲ့ အရာတွေကို မှီငြိမ်းတာမျိုး ရှိခဲ့တယ်ဆိုရင် သူတို့ဟာ
ဒီလို တုပသူတွေကို အာရုံစိုက်နေမယ့် အစား ဒီထက်ပိုပြီး ကောင်းမွန်၊
ဆန်းသစ်အောင် နောက်အသစ် အသစ်တွေကို တီထွင်တတ်ကြပါတယ်။ အခြားတစ်နည်း
အားဖြင့် ပြောရရင် သူတို့ဟာ သူတို့ရဲ့ တီထွင်ဆန်းသစ်မှုတွေကို
အချိန်တိုအတွက် အသုံးမချပဲ ရေရှည်အောင်မြင်နိုင်ဖို့ အတွက် အသုံးပြုကြတာပဲ
ဖြစ်ပါတယ်။
သင့်အနေနဲ့ အခုလက်ရှိ တီထွင်ဆန်းသစ်နိုင်မှုကနေ ပိုပြီး
တီထွင်နိုင်စွမ်းတွေ တိုးတက်ချင်နေတယ်ဆိုရင် အောက်ပါ အချက်အလက်များကို
အလေးထားဖို့ လိုပါလိမ့်မယ်
1. တကယ့်တီထွင်ဆန်းသစ်နိုင်တဲ့ သူတွေဟာ သူတို့ အရည်အချင်းတွေကို
အသုံးချပြီး အသစ်အသစ်သော ရှာဖွေဆန်းသစ်မှုတွေကို အလျင်စလို မလုပ်ပဲ
အချိန်တော်တော်ကြာယူပြီး လေ့လာကြပါတယ်။
2. တီထွင်ဆန်းသစ်တွေဟာ အသိပညာကို အများဆုံးအခြေခံပြီး လုပ်ကြရတာပါ။ ဒါကြောင့် အသိပညာ တိုးပွားအောင် အမြဲတမ်း သင်ယူလေ့လာ သင့်ပါတယ်။
3. သင့်ရဲ့ အတွေ့အကြုံတွေကနေ ရရှိလာတဲ့ အမျှော်အမြင်ရှိခြင်းတွေဟာ
သင့်ရဲ့ ဆင်ခြင်တုံတရားကို ထိန်းချုပ်ကောင်း ထိန်းချုပ်နိုင်ပါလိမ့်မယ်။
ဒါကြောင့် သင်ရရှိလာတဲ့ အချက်အလက်နဲ့ အသိပညာတွေကို သေသေချာချာ
သတိထားကိုင်တွယ်သင့်ပါတယ်။ ဒါကတော့ အရှိတရားကို လက်ခံနိုင်တတ်ဖို့ပါပဲ။
4. အလေ့အကျင့်တွေဟာ သင့်ရဲ့ အမြင်အာရုံနဲ့ ဖန်တီးနိုင်မှုတွေကို ကောင်းကောင်းလမ်းညွန်မှုပေးနိုင်ပါတယ်။
5. သင့်ရဲ့ အကြံအစည်ကောင်းတွေ ရနိုင်စေရန်အတွက် အနားယူဖို့
လိုပါလိမ့်မယ်။ ဥပမာ ပြောရရင် - ငါအနေနဲ့ စီးပွားရေးလုပ်ငန်းကြီး တစ်ခုမှာ
လုပ်ကိုင်နေတဲ့ အချိန်တွေမှာ စိတ်ရောကိုယ်ပါ အကောင်းဆုံးလုပ်နိုင်တဲ့
အချိန်တွေကတော့ အနားယူတဲ့ အချိန်တွေမှာ ဂီတာတီးခြင်း၊ မော်တော်ဆိုင်ကယ်
တစ်ပတ်လျှောက်စီးခြင်းတွေ လုပ်ပါတယ်။ ဒီလိုလုပ်ခြင်းက ငါ့ရဲ့ ဦးနှောက်ကို
အခြားစိတ်ဝင်စားမှု တစ်နေရာရာဆီကို ခေါ်သွားပြီး တီထွင်ဆန်းသစ်မှု အသစ်အသစ်တွေ
ရရှိနိုင်အောင် ပြုလုပ်ပေးလိုက်တာပါပဲ။
6. အတွေ့အကြုံတွေကို မင်းတတ်နိုင်သလောက် ရယူသင့်ပါတယ်။ အသစ်တွေကို
လေ့လာခြင်းကလည်း စဉ်းစားညဏ်အသစ်တွေကို မင်းရဲ့ မသိစိတ်ထဲရောက်အောင်
ဆောင်ကျဉ်းပေးနိုင်ပါတယ်။ အသစ်တွေကို ရှာဖွေလေ့လာခြင်းဟာ မင်းရဲ့
အတွေ့အကြုံတွေကို အခုထက်ပိုပြီး ကြီးမားကျယ်ပြန့်အောင်
လုပ်ဆောင်နိုင်လို့ပါပဲ။
7. စံနမူနာတွေကို သေချာကိုင်တွယ်နိုင်ခြင်းဟာ
ပြသာနာတွေကို ကောင်းမွန်အောင် ဖြေရှင်းနိုင်တဲ့ နည်းတစ်ခုပါ။ အသစ်တွေကို
စံနမူနာတွေကို အမြဲမှတ်မိနိုင်တာက တကယ်အသုံးဝင်ပါတယ်။ ဒါပေမယ့် သင်အနေနဲ့
ဒီလို စံနမူနာတွေ ကို မိမိမဖြစ်နိုင်အောင် ရှောင်ရှားသင့်ပါတယ်။
8. ပြသာနာတွေကို ဘာကြောင့် ဒီလို ပြသာနာတွေ ဖြစ်လာရလဲဆိုတာ အမြဲ
အဖြေရှာသင့်ပါတယ်။ ငါတစ်ခု ချပြချင်တဲ့ စကားတစ်ခုရှိပါတယ်။ “ မင်းရဲ့
ပြသာနာတွေက ပြသာနာ မဟုတ်ပါဘူး။ ဒါက နောက်ပြသာနာ တစ်ခုပါ။ မင်း
ဒီပြသာနာတွေကို ဘာကြောင့်ဖြစ်လာရသလဲ ဆိုတာ ရှာဖွေနိုင်တဲ့ အချိန်ကျရင်
ဒါတွေကို အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်” ။ နောက်ဆုံးမှာ
အင်းအနေနဲ့ ပြသာနာတွေကို ဘာကြောင့်ဖြစ်လာရသလဲ ဆိုတာ သိတဲ့ အချိန်ကျရင်
ပြသာနာတွေကို အလိုလို ဖြေရှင်းပြီးသွားပါလိမ့်မယ်။ ပြသာနာတိုင်းကတော့
ဘယ်လို ဖြေရှင်းရမလဲ ဆိုတဲ့ အဖြေတွေ အကုန်ရှိပြီးသားပါ။
9. တခြားလူတွေ မမြင်တဲ့ အရာတွေ၊ တခြားလူတွေကို မသိနိုင်တဲ့ အရာတွေကို သိအောင် ကြိုးစားပါ။
10. အကြံညဏ်တွေဟာ အသစ်အသစ်သော စိတ်ကူးစိတ်သမ်းတွေကနေ ရရှိလာတာတွေပါ။
အချိန်များစွာ အကြံညဏ်တွေရရှိလာတဲ့ အခါ တီထွင်ဆန်းသစ်မှုတွေကို လုပ်ကြပါတယ်။
အကြံညဏ်များစွာရရှိလာတဲ့ အချိန်ကျရင် ဘယ်အကြံညဏ်တွေကိုမှ ပြီးဆုံးအောင်
မလုပ်ဆောင်နိုင်ကျတော့ပါဘူး။ ပြောချင်တဲ့ အရာကတော့ အကြံညဏ်တွေကို ခဏခဏ
ထုတ်နေတာကို ရပ်ဆိုင်းပြီး တကယ် အသုံးကျမယ့် တီထွင်ဆန်းသစ်မှုကို
တစ်စိုက်မတ်မတ်ပြုလုပ်သင့်တာပါပဲ။
သင်ဟာ ဘယ်လုပ်ငန်းခွင်က
ဘယ်လို expert ပဲဖြစ်ဖြစ်၊ သင့်လုပ်ငန်းခွင် အသစ် တီထွင်ဖန်တီးမူ အသစ်တွေ
လုပ်နိုင်စွမ်းရှိပါတယ်။ သင့်အနေနဲ့ တီထွင်ဖန်တီးမှု အသစ်တွေကို
သင့်စီးပွားရေးရဲ့ တစ်နေရာရာမှာ အသုံးချနိုင်ခဲ့တဲ့အခါ သင်ဟာ သင့်နဲ့
သက်ဆိုင်တဲ့ ဈေးကွက်က ဦးဆောင်သူ (market leader) ဒါမှမဟုတ် ပြိုင်ပွဲတွေက
အနိုင်ရသူ တစ်ယောက်မလွဲ မသွေဖြစ်ပြီး ရေရှည်အောင်မြင်မှုကို ရရှိနိုင်တဲ့
စီးပွားရေးတစ်ခုကို ပိုင်ဆိုင်နိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။
Daniel Burrus
Best Selling Author, Innovation Expert & Global Futurist, Entrepreneur, Strategic Advisor & Keynote Speaker
Source: LinkedIn
Translated : mmJobs
No comments:
Post a Comment