Monday, December 2, 2013

တန်ဖိုးရှိတဲ့လူတွေရဲ့ အလေ့အကျင့် ၇ ချက်

၁၉၉၀ တုန်းက Stephen Covey ရဲ့ The 7 habits of highly effective people ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးတဲ့ အချိန်ကစပြီး ကိုယ့်ကိုကိုယ် တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။
ဒီစာအုပ်ကို စဖတ်နေတဲ့အချိန်မှာ company တွေအတွက် အလုပ်သမားရှာဖွေရတဲ့ အလုပ်ကို လုပ်ကိုင်နေတုန်းပါ။ ငါ အချိန်မြန်မြန်သဘောပေါက်လာခဲ့တာကတော့ ငါဟာ အလုပ်သမားရှာဖွေရာမှာ ကျွမ်းကျင်လာပြီး ငါ့တို့ကို အလုပ်အပ်တဲ့ လူတွေကို ဒီ ၇ ချက်နဲ့ ကိုက်ညီတဲလူတွေ ရှာဖို့ ထောက်ပြပေးခဲ့ပါတယ်။ ဒါတွေကြောင့် ငါနဲ့ အတူတခြား အလုပ်သမားရှာဖွေရတဲ့ မန်နေဂျာတွေကလည်း အလုပ်သမား ခေါ်ယူရာမှ ဒီ ၇ ချက်နဲ့ ကိုက်ညီတဲ့ လူတွေကို ခေါ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိလာစေပါတယ်။

Be proactive
အမြဲတမ်း ကိုယ်က ဦးဆောင်ပြီး လုပ်နိုင်အောင် ကြိုးစားပါ။ မမျှော်လင့်တဲ့ အဖြစ်အပျက်တွေ ဖြစ်လာအောင် မစောင့်ပါနဲ့။ ကိုယ်က ဒီအဖြစ်အပျက်တွေကို ကောင်းကောင်းမွန်မွန် အဆင်ပြေပြေ ဖြစ်အောင် ကြိုးစားပါ။ အင်တာဗျူးလာဖြေတဲသူတွေ ရေးထားတဲ့ သူတို့အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ projects တွေ အစတွေအတွက် ဘယ်လိုတွေ ရှာဖွေပြီးလုပ်ခဲ့လဲ၊ သတ်မှတ်ထားတဲ့ အချိန်တွေထက် ပိုပြီး လုပ်ခဲ့ရလား၊ မျှော်လင့်ထားတာထက် ပိုအောင်မြင်ခဲ့လား၊ လိုအပ်တာထက် ပိုလုပ်ခဲ့လား ဆိုတာတွေ ပါရဲ့လားလို့ ဖတ်ကြည့်သင့်ပါတယ်။ ဒီအချက်တွေကို ပေါင်းစပ်လိုက်ရင်တော့ အလုပ်လာလျှောက်တဲ့လူတွေဟာ ငါတို့ခေါ်ချင်တဲ့ အလုပ်နဲ့ ကိုက်ညီမှု ရှိရဲ့လား မရှိဘူးလားဆိုတာ ပေါ်လွင်လာမှာပါ။

Being with the end in mind
အလုပ်တစ်ခုစမလုပ်ခင်မှာ အဖြေအတွက်ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ အလုပ်လျှောက်ထားသူတွေရဲ့ အောင်မြင်တဲ့ သူတို့ projects တွေကို ပြောတဲ့အချိန်မှာ ငါအမြဲတမ်း မေးဖြစ်တာကတော့ ဘယ်လိုလူမျိုးက ဒီလို plan တွေကို ဘယ်လိုလုပ်ဆောင်ခဲ့သလဲဆိုတာတွေ၊ တကယ်လို့အောင်မြင်ခဲ့တဲ့ plan တွေကို ဘယ်လိုကိုင်တွယ်လုပ်ဆောင်ခဲ့သလဲ ဆိုတာတွေပါ။ တကယ့်လူတော်တွေကတော့ plan တစ်ခု စတင်လိုက်တာနဲ့ နည်းတစ်မျိုးတည်းနဲ့ အသုံးပြုပြီး မလုပ်ပဲ တခြားဖြစ်နိုင်ခြေရှိတဲ့ နည်းတွေကို အကုန်ချပြပြီး ဘယ်လို လုပ်ဆောင်မလဲဆိုတာတွေကို ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ရှာတွေကြပါတယ်။

Put first thing first
အရေးကြီးတာတွေကို ဦးစားပေးလုပ်ပါ။ ဒါတွေက ချက်ခြင်းလုပ်ရမယ့်အရာတွေ တန်ပြန်ဖြစ်ပေါ်မလာစေရန် ကြိုးစားပါ။ တစ်ချို့လူတွေက ဘယ်လိုမျိုး တစ်ချိန်တည်းမှာ အလုပ်အများကြီးကို လုပ်ကိုင်ကြသလဲ၊ ဘယ်လို တိကျတဲ့ ဥပမာတွေကို အသုံးပြုပြီး အရေးကြီးတဲ့ အချိန်နဲ့ နေရာတွေမှာ ဘယ်လိုလုပ်ကြသလဲ ဆိုတာတွေကို ရှာဖွေသင့်ပါတယ်။ အဲ့ဒီထဲက အစိတ်အပိုင်းတစ်ခုကတော့ အင်တာဗျူးလာသူတွေဟာ ဘယ်လို မတူညီတဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုဦးစားပေးပြီး လုပ်ဆောင်ကြလဲ နဲ့ ပြီးခါနီးပြီဖြစ်တဲ့ အလုပ်တွေကို ဘယ်လို ညီတူညီမျှ လုပ်ကိုင်နိုင်အောင် ဘယ်လိုဆောင်ရွက်ခဲ့သလဲ ဆိုတာတွေကို သိရှိရပါမယ်။ ဒါတွေကတော့ ဆုံးဖြတ်ချက် တစ်ခုခုကို ချမှတ်တဲ့ အလုပ်တွေမှာ မပါမဖြစ်ပါရမယ့် အရာတွေပါ။

Think Win-Win
ကိုယ့်လုပ်ငန်းတွင်းက လူတွေကဟာ ကိုယ့်ထက်ရာထူးကြီးတဲ့ သူတွေ နဲ့ ဖြစ်စေ၊ အချင်းချင်းဖြစ်စေ ဆက်ဆံရတာမျိုးတွေနဲ့ ပြသာနာတွေကို ကိုင်တွယ်ရတဲ့ အချိန်တွေမှာ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် လုပ်ငန်းမှာ ပါဝင်ပတ်သတ်သူတွေကို ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနိုင်မလဲ ဆိုတာ ကြိုတင်စဉ်းစား သင့်ပါတယ်။ ပြီးတော့ ဘယ်လိုဥပမာတွေ သုံးပြီး တခြား အလုပ်ကလူတွေ ဒါမှမဟုတ် မန်နေဂျာတွေ၊ CEO တွေ၊ ကိုယ့်ရဲ့ ဖောက်သည်တွေကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်နိုင်မလဲ ဆိုတာတွေကို ကြိုတင်စဉ်းစားရပါမယ်။ Win-Win ဆိုတဲ့ သဘောတရားက ဒီလိုလူမျိုးတွေကို ကိုယ့်ဘက်ပါအောင် နဲ့ နားလည်သဘောပေါက်အောင် လုပ်ခြင်းမဟုတ်ပဲ သူတို့ အလိုလိုနားလည်သဘောပေါက်ပြီး ကိုယ့်ဘက်ပါအောင် လုပ်ဆောင်တာကို ဆိုလိုတာပါ။

Seek first to understand, and then be understood
ပြသာနာ တစ်ခုကို မင်းရဲ့ ဖြေရှင်းနည်း နဲ့ ခန့်မှန်းချက်တွေကို ပြောပြဖို့ ကြိုးစားတာက အကောင်းဆုံးမဟုတ်ပါဘူး။ ဘာကြောင့် ဒီပြသာနာဖြစ်ရသလဲ ဆိုတာကို ရှာဖွေတာက အကောင်းဆုံးပါ။ အကောင်းဆုံးမေးခွန်းတွေထဲက တစ်ခုက “မင်း အနေနဲ့ ပြသာနာအကြီးကြီးတစ်ခု ဒါမှမဟုတ် စိန်ခေါ်မှုကြီး တစ်ခုကို ဘယ်လိုကိုင်တွယ်ခဲ့သလဲ ဆိုတာကို ပြောပြနိုင်မလား” ဆိုတဲ့ မေးခွန်းပါ။ ဘယ်လိုလူမျိုးက ပြသာနာရဲ့ ဇစ်မြစ်ကို ဘယ်လိုရှာဖွေနိုင်ခဲ့သလဲ နဲ့ ဘယ်လို ဒီဇစ်မြစ်ကို ဖြေရှင်းနိုင်ခဲ့သလဲ ဆိုတာက အရေးအကြီးဆုံးပါ။

Synergize
အတူတကွလုပ်ဆောင်ခြင်း၊ လမ်းကြောင်းပေးခြင်း၊ လွမ်းမိုးနိုင်ခြင်း နဲ့ တခြားသူတွေကိုပါ တိုးတက်အောင် လုပ်ဆောင်နိုင်ခြင်းဆိုတာတွေက အဖွဲ့အစည်းတစ်ခုမှ ရှိရမယ့် အရည်အချင်းတွေပါ။ အဖွဲ့အစည်းတစ်ခုမှ ဘယ်သူတွေပါသလဲ ပြီးတော့ တစ်ဦးခြင်းဆီက ဘယ်လိုအရည်အချင်းတွေကြောင့် ဒီအဖွဲ့အစည်းထဲမှာ ရွေးချယ်ခံရသလဲ ဆိုတာကို မေးမြန်းသင့်ပါတယ်။

Sharpen the saw
လူတွေကို ဘယ်လို ကြိုးစားခဲ့လို့ ဒီလိုရာထူးတွေ၊ နေရာတွေ ရခဲ့သလဲ ဆိုတာ မေးသင့်ပါတယ်။ တခြားတစ်ဘက်မှာ လူတွေကို အလုပ်လုပ်နေတဲ့ အချိန်အတွင်းမှာကော၊ အလုပ်မလုပ်တဲ့ အချိန်အတွင်းမှာကော ဘယ်လို မမျှော်လင့်နိုင်ခဲ့တဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာကို မင်းအနေနဲ့ ပွင့်ပွင့်လင်းလင်း လေ့လာသင့်ပါတယ်။
Lou Adler (CEO of The Adler Group)

Source: linkedIn
Translated: mmDroid

No comments:

Post a Comment