Tuesday, December 10, 2013
နည်းလမ်းတကျချဉ်းကပ်ဆောင်ရွက်ခြင်း
PR နှင့်ပတ်သက်ပြီး ရှေ့အပတ်များကတည်းက အပိုင်းခွဲပြီးတင်ပြလာတာ ဒီစာစုက အပိုင်း(၄)ဖြစ်ပါတယ်။ PR လှုပ်ရှားမှုတွေကို ဆက်စပ်မှုမရှိဘဲ တောင်စဉ်ရေမရလုပ်နေတာမျိုးထက် ရေရှည်အတွက် နည်းလမ်းကျတဲ့ PR စီမံကိန်းကိုအကောင်အထည်ဖော်ရန်လိုပါတယ်။ သင့်ရဲ့ PR Campaign ကို အသေးစိတ်စီစဉ်ထားရပါမယ်။စီစဉ်ရာမှာ PR ရည်မှန်းချက်က ရှင်းလင်းရမယ်။ စီမံချက်ရှိရှိဆောင်ရွက်ရမယ်။ တိုးတက်မှုကို စောင့်ကြည့်ရမယ်။ အကျိုးအမြတ်များကို တိုင်းတာရမယ်။ ဒါကြောင့် နံပါတ် (၁၂) အချက်အနေနဲ့ ဆိုလိုချင်တာက PR ကိုနည်းလမ်းတကျ ဆောင်ရွက်ပြီးအဖွဲ့အစည်းနှင့် Marketing Strategies များအတွက်ပါ သေချာအထောက်အကူပြုနိုင်ရပါမယ်။
Strategy ကို သိရှိနားလည်ခြင်း
PR ကိုစတင်ဆောင်ရွက်ရာမှာ PRStrategy ကို သတ်မှတ်ရန် လိုပါမယ်။ PRStrategy ဟာ မိမိအဖွဲ့အစည်းရဲ့ CorporateStrategy ကို မဖြစ်မနေအထောက်အကူပြုရပါ့မယ်။ အလားတူပဲ MarketingStrategy နှင့် ဆက်နွယ်မှုလည်းရှိရပါ့မယ်။PR Strategy အရ စီမံချက်ရေးဆွဲရာမှာMarketing ကို အထောက်အကူပြုနိုင်တဲ့လုပ်ငန်းတွေကိုပါ ထည့်သွင်းရေးဆွဲဆောင်ရွက်နိုင်ခြင်းကြောင့်ဖြစ်တယ်။ ဒါကြောင့်နံပါတ် (၁၃) အချက်အနေနဲ့ PR ကို နည်းလမ်းတကျအသုံးချခြင်းဖြင့် လူထုအကြားမကောင်းသတင်းကျော်ကြားမှုကို ကြိုတင်တားဆီးနိုင်၊ ရှောင်လွှဲနိုင်တယ်လို့ ဆိုချင်ပါတယ်။ နောက်ပြီးဖြစ်လာမှ ခုခံဖြေရှင်းရတာထက် ကြိုတင်ကာကွယ်တှဲ့အမအေနါပကို ဖော်ဆောင်ရမယ်လို့နံပါတ် (၁၄)အချက်အဖြစ် ဆိုရပါ့မယ်။
ရည်မှန်းချက်များ ချမှတ်ခြင်း
Strategic Planning ကို ရေးဆွဲရာမှာရည်ရွယ်ချက်များကို ဦးစွာချမှတ်ရမှာဖြစ်တယ်။ ရည်မှန်းချက်ပန်းတိုင်ကို သတ်မှတ်ရမယ်။ အဖွဲ့အစည်းရဲ့ ဂုဏ်သတင်းကျော်ကြားမှု တိုးတက်စေရန်၊ အမြတ်အစွန်းမြင့်မားလာစေရန် သို့မဟုတ် မိမိအတွက် အဓိကကျတဲ့အုပ်စုများနှင့် အင်အားကောင်းတဲ့ဆက်ဆံရေးတည်ဆောက်ရန် ဇောင်းပေးရမယ်။ လုပ်ငန်းစချိန်မှာ ရည်ရွယ်ချက်ကိုရေးဆွဲရတာဖြစ်ပေမဲ့ အဲဒီအတွက် အချိန်ယူဆောင်ရွက်စေသင့်တယ်။ ဒီနေရာမှာမမေ့သင့်တဲ့အချက်များကတော့ ရည်ရွယ်ချက်များဟာ ရှင်းရန်လိုတယ်၊ တိတိကျကျရှိရမယ်၊ ပြတ်သားရမယ်၊ တိုင်းတာနိုင်ရမယ်၊ အချိန်ကာလတစ်ရပ်အတွင်းမှာဆောင်ရွက်နိုင်ရမယ်။ လျော်ကန်ပြီးတည်တံ့အောင် ဆောင်ရွက်ရမယ်။ အခြေအနေနှင့် အချိန်အခါအရ ပြင်ဆင်နိုင်ရမယ်။ထားရှိတဲ့ ပန်းတိုင်ကတကယ် အကျိုးရှိရမယ်။
ဦးတည်ပရိသတ်ကို သတ်မှတ်ခြင်း
အဖွဲ့အစည်းအများစုမှာ ကွဲပြားတဲ့ပရိသတ်များရှိကြတယ်။ သူ့တို့ထဲက ဘယ်သူတွေကို ဦးတည်ပြီးနည်းလမ်းတကျချည်းကပ်မှာလဲ၊ မိမိပရိသတ်ထဲက အချို့က ကျန်တဲ့သူတွေထက် ပိုအရေးကြီးတတ်လို့ သူတို့ကို ပိုအာရုံစိုက် ဆွဲဆောင်ရလေ့ရှိတယ်။ ပရိသတ်ထဲမှာ မိမိရဲ့ ဖောက်သည်များ၊ ၀န်ထမ်းများ၊ မီဒီယာများ၊ ပြည်သူပြည်သားများ၊ ရင်းနှီးမြုပ်နှံသူများ ဒါမှမဟုတ် အစုရှယ်ယာရှင်များ၊ ဈေးကွက်သုတေသီများ၊ မိမိလုပ်ငန်းတွင် ပါဝင်သော အခြားပုဂ္ဂိုလ်များ၊ ဒေသခံများ၊ဒေသ၊ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရစတာတွေ ပါနိုင်ပါတယ်။ဒါကြောင့် ဆွဲဆောင်နိုင်တဲ့ PR ကို အသုံးပြုခြင်းဖြင့်မိမိဦးတည်ပရိသတ်က မိမိအဖွဲ့အစည်းအပေါ် ပုံဖော်တဲ့နေရာမှာ မကောင်းမမြင်အောင် ကူညီနိုင်တယ်လို့နံပါတ် (၁၅) အချက်အဖြစ် ဆိုချင်ပါတယ်။
အသိပေးချင်တဲ့အချက်ကို သတ်မှတ်ခြင်း
အဖွဲ့အစည်းတိုင်းမှာ အဓိကပေးချင်တဲ့သတင်းစကားရှိကြတယ်။ ဥပမာ- မိမိအဖွဲ့က ဘယ်လိုဆန်းသစ်တီထွင်မှုတွေလုပ်ထားတယ် ဒါမှမဟုတ် ဘယ်လိုပြုစုစောင့်ရှောက်မှုပေးတယ်ဆိုတာတွေ ပါဝင်တယ်။ အဓိကပရိသတ်အတွက် ပုဂ္ဂိုလ်ရေးအရပေးအပ်တဲ့ သတင်းအချက်တွေလည်းပါနိုင်ပါတယ်။ မိမိထုတ်ကုန်အသစ်ကိုမိတ်ဆက်တဲ့အခါ ဥပမာ-ရင်းနှီးမြုပ်နှံထားသူတွေက မိမိရဲ့ရှယ်ယာဈေးနှုန်းအပေါ် ဘယ်လိုသက်ရောက်နိုင်တယ်ဆိုတာ သိချင်ကြတယ်။ မီဒီယာနှင့် ဒေသခံတွေက သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်နိုင်သလဲဆိုပြီး စိတ်ဝင်စားနိုင်တယ်။သူတို့သိလိုတဲ့ အချက်အလက်နဲ့ သင့်တော်သလိုပေးတတ်ဖို့လိုတယ်။ မိမိရဲ့တန်ဖိုးကိုမြင့်တင်ပေးနိုင်တဲ့ သတင်းအချက်က ဘာလဲဆိုတာ သတ်မှတ်ရမယ်။ သူကို့ ပေးပို့မယ့်လမ်းကြောင်းကိုရှာရမယ်လို့ နံပါတ်(၁၆)အချက်အဖြစ် ဆိုရပါမယ်။
ရည်ရွယ်ချက်ကို အထမြောက်စေခြင်း
ချခြင်းနှင့် ဆွေးနွေးညှိနှိုင်းခြင်းတို့ပါဝင်တယ်။ မိမိရဲ့ရည်ရွယ်ချက်ကို ရောက်အောင် ဘယ်လိုလုပ်မလဲ။ သင့်ရဲ့ဦးတည်ပရိသတ်ထံပေးလိုတဲ့ သတင်းစကားကိုပေးမယ့်နည်းလမ်းကဘာလဲ။ ရည်ရွယ်ချက်တစ်ခုစီကို ရောက်အောင် ကူညီနိုင်မယ့် သင့်ရဲ့အကြံအစည်တွေကို အစီအစဉ်အလိုက်စုဖွဲ့ထားရမယ်။ အဲဒီအကြံအစည်တစ်ခုစီအတွက် စရိတ်ကိုတွက်ချက်ထားရမယ်။ အဲဒီအထဲက ဘယ်တစ်ခုကို အကောင်အထည်ဖော်မလဲဆိုတာ ဆုံးဖြတ်ရမယ်။ လှုပ်ရှားမှုတစ်ခုစီအတွက် အချိန်ဇယားရှိရမယ်။ လုပ်ငန်းအလိုက် ဘယ်သူတာဝန်ယူရမယ်ဆိုတာလည်း အသေးစိတ်ပါဝင်ရမယ်။ စမယ့်နေ့၊ ပြီးရမယ့်နေ့ သတ်မှတ်ထားရမယ်။ လုပ်ငန်းအကောင်အထည်ဖော်မှုကို ပုံမှန်ညှိနှိုင်းအစည်းအဝေးလုပ်ရမယ်။ ကားချပ်တွေ၊ ပုံတွေနှင့် ဆွေးနွေးမယ်။ ပြဿနာတွေကို အဖြေရှာကြရမယ်။
အောင်မြင်မှုရအောင် စီမံချက်ချရာမှာ PR Team က ဦးတည်ပရိသတ်ထံ ပေးချင်တဲ့သတင်းစကားကို ဘယ်လိုထိရောက်တဲ့နည်းလမ်းနှင့် ပေးမလဲဆိုတာပြောရမယ်။ အဲဒီအချက်တွေနဲ့ သင့်တော်မည့်ဘယ်လမ်းကြောင်းကို သုံးမလဲဆိုတာရွေးရမယ်။
ဒီတော့ နံပါတ် (၁၇)အချက်အနေနဲ့နည်းလမ်းတကျ စီမံချက်ရေးဆွဲရန် လုပ်တဲ့အစည်းအဝေးသို့ အဓိကလုပ်ဖော်ကိုင်လက်တွေကို ဖိတ်ဖို့လုပ်ပါလို့ ဆိုရပါမယ်။
စီမံချက်ကို မှတ်တမ်းတင်ခြင်း
PR Strategy တစ်ခုဟာ ရေးထားတဲ့အထောက်အထားတစ်ခုဖြစ်ရပါမယ်။ခေါင်းထဲမှာပဲ ထားရတဲ့အကြံအစည်အစုအဝေးတစ်ခုပဲ မဖြစ်သင့်ပါဘူး။ ရေးချထားရင် အထမြောက်ဖို့ ဘာလိုသလဲဆိုတာကိုအာရုံစူးစိုက်နိုင်ဖို့ အကူအပံ့ဖြစ်နိုင်တယ်။ဘယ်လိုလုပ်မယ်၊ ဘယ်တော့လုပ်မယ်စတာတွေ အပါအ၀င်ပေါ့။ အများနှင့်သက်ဆိုင်သမျှကို အသေးစိတ်မှတ်တမ်းတင်ရမယ်။ အဓိကကျတဲ့ သတင်းစကားကိုဘယ်သူ့ထံပေးတယ်ဆိုတာ အပါအ၀င်ဖြစ်တယ်။ ရည်ရွယ်ချက်တွေလည်းပါရမယ်။မိမိရဲ့အောင်မြင်ဖို့လိုတဲ့ အကြံအစည်တွေလည်းပါမယ်။ ဘယ်ဟာက ဘယ်လောက်အောင်မြင်တယ်ဆိုတာကို ဆန်းစစ်ဖို့ ဘာနဲ့တိုင်းတာမလဲဆိုတာပါရမယ်။ ကြားဖြတ်ဆန်းစစ်မှုအတွက် ရက်သတ်မှတ်ရမယ်။ှအမအေနါပ ရဲ့နောက်ဆုံးအပိုင်းကတော့လုပ်ဆောင်မည့် အချိန်ဇယားပဲဖြစ်တယ်။ဒီတော့ PR Strategy ကို (၆)လတစ်ကြိမ် ပြန်ဆန်းစစ်ပါဆိုတာကို နံပါတ်(၁၈)အချက်အနေနဲ့ ဖော်ပြပါတယ်။နံပါတ် (၁၉)ကတော့ PR လုပ်ရှားမှုတိုင်းဟာ အောင်မြင်မှုအတွက် အရှိန်မြှင့်ပေးခြင်းဖြစ်တယ်လို့ ဆိုပါရစေ။
ထိရောက်မှုကို အကဲဖြတ်ခြင်း
လုပ်ငန်းဆောင်ရွက်တာ ထိရောက်ရဲ့လားလို့ တိုင်းတာခြင်းဟာ နည်းလမ်းတကျဆောင်ရွက်တဲ့ PR လုပ်ငန်းရဲ့အရေးပါတဲ့အခြေခံအချက်ဖြစ်တယ်။ ရည်ရွယ်ချက်အတိုင်း ဖြစ်၊မဖြစ် တိုင်းတာခြင်းဖြစ်တယ်။မေးခွန်းလွှာတွေသုံးနိုင်တယ်။ အခြားသုတေသနနည်းလမ်းတွေကိုလည်း သုံးနိုင်တယ်။ မိမိပေးတဲ့သတင်းစကားက ဦးတည်ပရိသတ်ကို ရောက်ရဲ့လားဆိုတာနှင့်မိမိရချင်တဲ့ရလဒ်ရသလားဆိုတာကို ဆန်းစစ်ဖို့ဖြစ်တယ်။ PR Campaign မစမီနှင့်ပြီးတဲ့အချိန်မှာ သုတေသနလုပ်ရမယ်။ဘယ်နည်းလမ်း၊ ဘယ်ပရိယာယ်ကအလုပ်ဖြစ်သလဲဆိုတာအကဲဖြတ်ရမယ်။ ဒီကရတဲ့ အသိပညာကနောက်တစ်ကြိမ်ကျရင်ပိုပြီးထိထိရောက်ရောက်လုပ်နိုင်ဖို့ အကူအညီရမှာဖြစ်တယ်။အဲဒီတော့ ဇာတ်ပေါင်းရအောင်၊ဏျွ ကောင်းရင် ၀န်ထမ်းတွေရဲ့ တာဝန်ပျက်ကွက်မှုကို လျော့ကျစေတယ်၊ PRပြဿနာတွေကို တီထွင်ဆန်းသစ်ဖြေရှင်းကြည့်ပါလို့ နံပါတ် (၂၀)နှင့် (၂၁)အချက်အဖြစ် တင်ပြရင်းဒီအပတ်စာစုကို နိဂုံးချုပ်တယ်။ နောက်တင်ပြမယ့် ခေါင်းစဉ်ကတော့ PR အတတ်ကိုဖွံ့ဖြိုးစေခြင်းပဲ ဖြစ်တယ်။ စောင့်မျှော်ဖတ်ရှုကြည့်ပါ။
Source: HR Journal
No comments:
Post a Comment