Tuesday, December 10, 2013

Cover Letter ကောင်းကောင်း ဘယ်လိုရေးမလဲ

8

Cover Letter ကောင်းကောင်း ဘယ်လိုရေးမလဲ

Posted by | June 12, 2013 | Articles, Job Search
MyanmarJobsDB
MyanmarJobsDB

ယခုခေတ်တွင် Cover Letter များအား စာရွက်ဖြင့် ပေးပို့ခြင်းထက်၊ အင်တာနက်ပေါ်မှ ဒီဂျစ်တယ်နည်းဖြင့် ပေးပို့သည်က ပိုမိုများပြားလာသော်လည်း၊ ၄င်းသည် သင့်အား အလုပ်ခန့်မည့်သူအတွက် သင့်အကြောင်းကို ပြည့်စုံစွာ ပုံရိပ်ဖော် ပြောပြခွင့်နှင့်၊ ဘာကြောင့် ၄င်းရာထူးအတွက် လွန်စွာသင့်လျှော်ကြောင်း ရှင်းပြနိုင်ခွင့်ပေးသည့် ပထမဆုံးအခွင့်အရေး ဖြစ်လျက် ရှိနေပါသေးသည်။ Cover letter သည် မိမိ၏ ကျွမ်းကျင်မှုများ၊ အောင်မြင်မှုများနှင့် အလုပ်ရှင်များအကြောင်း အချုပ် ပြန်လည်တင်ပြခြင်းနှင့် အလုပ်ခန့်မည့် မန်နေဂျာအား မိမိသည် ၄င်းရာထူးတာဝန်အတွက် အသင့်လျော်ဆုံးဖြစ်ကြောင်း အရောင်းထုတ်နိုင်ရန်အတွက် အထူးအရေးကြီးပါသည်။ အလုပ်သေချာ စရှာသူတစ်ယောက်အတွက် များသောအားဖြင့် Cover Letter ကို ဘယ်ကစရေးရမလဲဖြစ်နေတတ်သည်မှာလဲ ပုံမှန်ပင်ဖြစ်သည်။ ထို့ကြောင့် သင်၏ ကိုယ်ရေးရာဇဝင်နှင့် MyanmarJobsDB/LinkedIn profile တွင် တွဲဖက်တင်နိုင်ရန် အကောင်းဆုံး cover letter ရေးသားနည်းများကို အောက်ပါအတိုင်း အကြံပြုထားပါသည် -
စာရေးသားရာတွင် အမည်ဖြင့် လိပ်မူပါ – အလုပ်ခေါ်စာများတွင် အလုပ်ခေါ်သည့် မန်နေဂျာ သို့မဟုတ် အလုပ်ခေါ်သူ၏ နာမည် မပါဝင်တတ်သော်လည်း၊ ၄င်းနာမည်ကို လိုက်လံရှာဖွေပြီး လိပ်မူလိုက်ပါက၊ ထိုစာပို့ခြင်းခံရသူအား ကျေနပ်မှု ဖြစ်စေမည်မှာ မလွဲပေ။ အလုပ်ခေါ်သူအနေဖြင့် “Dear Sir/Madam” ဟူ၍ လိပ်မူထားသော စာအများအပြားကို လက်ခံ ရရှိထားမည်ဖြစ်ရာ၊ ထိုကဲ့သို့ အမည်တပ်လိပ်မူထားခြင်းသည် အားလုံးထဲမှ မိမိစာအား ပိုမိုသတိထားမိစေမည် ဖြစ်သည်။ ဥပမာ – MyanmarJobsDB website တွင် ကြေငြာထားသော အလုပ်ခေါ်စာများတွင် များသောအားဖြင့် အလုပ်ခေါ်သူ၏ profile အား ဖော်ပြထားတတ်သည်ဖြစ်ရာ၊ cover letter ကို လိပ်မူရမည့်သူအား ရှာဖွေရန် လွယ်ကူပါလိမ့်မည်။
အလုပ်ခေါ်စာမှ ဘာသာစကား၊ အသုံးအနှုန်း၊ စကားလုံးများအတိုင်း ရေးသားပါ – သင်၏ cover letter ၌ အလုပ်ခေါ်စာတွင် ပါရှိသော အရေးကြီးသော အဓိက စကားလုံးများ ထည့်သွင်းရေးသားခြင်းအတွက် အကြောင်းပြချက်ကောင်းများ ရှိပါသည်။ ပထမအနေဖြင့် အလုပ်ခန့် သူများသည် အလုပ်ခေါ်စာအား သင် အမှန်တကယ် ဖတ်ရှုထားခြင်း ရှိ၊ မရှိ နှင့် အခြားအလုပ်အားလုံးအတွက် ခြုံငုံ ရေးသား ထားသော cover letter ပို့ထားခြင်းမဟုတ်ပဲ၊ ၄င်းရာထူးအတွက် သီးသန့်ပြင်ဆင်၍ အလုပ်လိုအပ်ချက်များကို တိုက်ရိုက် အကြောင်းပြန် ထားကြောင်းကို သိရှိလိုကြပါသည်။ ဒုတိယအနေဖြင့်၊ အလုပ်ခန့်သူများသည် ၄င်းတို့် လိုအပ်သည့် အရည်အချင်း ရှိသူများအား အလွယ်တကူရှာဖွေနိုင်ရန်အတွက် တစ်ချို့ အရေးပါစကားလုံးများဖြင့် အွန်လိုင်းနည်းပညာတစ်ခုခုသုံး၍ ရွေးချယ် စစ်ထုတ်နိုင်သောကြောင့် ဖြစ်သည်။ ဥပမာ – သင်၏ cover letter တွင် leadership, java programming, financial auditing စသည့် စကားလုံးများပါသည် ဆိုပါစို့။ ထို skills များကို ရှာဖွေနေသည့် အချို့လုပ်ငန်းရှင်များသည် ကွန်ပျူတာ scanning နည်းပညာကိုအသုံးပြုပြီး အထက်ပါစကားလုံးပါသည့် cover letter များကို အရင်ရွေးထုတ်လိုက်လေ့ရှိသည်။ ထို့ကြောင့် မိမိ၏ cover letter ပယ်သည့်ထဲ ပါမသွားရလေအောင် အရေးပါစကားလုံးများကို သေချာရေးသား ဖော်ပြ ထည့်သွင်းထားသင့်ပေသည်။
ကုမ္ပဏီနှင့် ဈေးကွက်အကြောင်း စုံစမ်းလေ့လာခြင်း – မိမိလျှောက်မည့် ရာထူးနှင့် ကုမ္ပဏီတို့ကို အင်မတန် စိတ်ဝင်စားမှု ရှိကြောင်းကို ၄င်းတို့အကြောင်း မည်မျှသိရှိသည်ကို ဖော်ပြခြင်းဖြင့်၊ အလုပ်ခန့်မည့်သူများအား မိမိအနေဖြင့် လွန်စွာ စိတ်ဝင်စားမှု ရှိကြောင်းနှင့် ရာထူးနှင့် သင့်လျော်ကြောင်းကို ပြသနိုင်မည် ဖြစ်သည်။ ကုမ္ပဏီ၏ website အား ဝင်ရောက် ကြည့်ရှုခြင်း၊ သို့မဟုတ် အသစ်အသစ်များကို သိရှိနိုင်ရန် LinkedIn တွင် ဆီလျော်မည့် group များကို join ပါ။ စီးပွားရေး လုပ်ငန်းသည် မည်သည့်အပြင်းအထန်ငြင်းခုန်ဖွယ်ရာ ကိစ္စရပ်များ ပါဝင်နေသည်၊ သို့မဟုတ် ကုန်ပစ္စည်းအသစ်များ မိတ်ဆက်ရန်၊ သို့မဟုတ် နယ်မြေချဲ့ထွင်ရန် စီစဉ်နေမှုများအကြောင်းကို ဆွေးနွေးထားသည်များအား ပြန်လည်ဖတ်ရှုထား ရမည်။ MyanmarJobsDB ၏ Facebook page တွင် ဆွေးနွေးထားသည်များကိုလဲ လေ့လာနိုင်ပါသည်။
၎င်းအချက်အလက်များကို အသုံးပြု၍ လိပ်မူပို့သူထံမှ တုံ့ပြန်မှုတစ်ခုခု ရနိုင်သည့် စာအသွားအပြန် အရေးအသားကို စတင်နိုင်ပါသည်။ ဥပမာအားဖြင့် – “အကျိုးအမြတ်ရရှိခြင်းမရှိသူ ဖောက်သည်များအား ရည်ညွှန်းသည့် စီးပွားရေးလုပ်ငန်းတစ်ခု စတည်မည်ဖြစ်ကြောင်း ကျွန်တော်သိရှိရပါသည်။ ကျွန်ုပ်၏ အတွေ့အကြုံကို အခြေခံပြီး၊ ၄င်းဈေးကွက်သို့ ရောက်ရှိနိုင်ရန် အကြံပြုချက်များ ပေးစွမ်းနိုင်ပါသည်” ဟု ရေးသားနည်းမျိုး ဖြစ်သည်။
လက်ရှိ အလုပ်လုပ်နေသူများထံမှ ကုမ္ပဏီတွင်း ယဉ်ကျေးမှုနှင့် နေ့စဉ်လုပ်ပုံကိုင်ပုံ၊ ကုမ္ဗဏီ၏ဦးတည်ချက်၊ ဦးစားပေးမှုများအကြောင်းကို မေးမြန်းနိုင်ပါသည်။ မိမိ၏ cover letter တွင် ၄င်းအချက်အလက်များ ထည့်သွင်းရေးသားခြင်းဖြင့် ၄င်းကုမ္ပဏီတွင် အလုပ် လုပ်မည်ဆိုပါက မည်သို့ ဖြစ်မည်ကို သေသေချာချာလေ့လာထားကြောင်း ပေါ်လွင်စေမည် ဖြစ်သည်။
MyanmarJobsDB
MyanmarJobsDB

၎င်းအလုပ်အားဘာကြောင့် လိုချင်သည်ကို ပွင့်ပွင်းလင်းလင်းပြောပါ – ၄င်းအခြင်းအရာသည် ကုမ္ပဏီအတွက် သင် ဘာတွေ လုပ်ပေးနိုင်သည်၊ ၄င်းရာထူးအား ဘာကြောင့် စိတ်ဝင်စားသည် ဆိုသည်တို့ကို သက်သေပြနိုင်ရန် အမြင့်မားဆုံးသော သက်သေခံ ပစ္စည်းဖြစ်သည်။ အလုပ်ခေါ်သူများသည် အလုပ်လျှောက်သူများအနက် ၄င်းတို့ မျှော်မှန်းထားသော အသက်မွေးမှုလုပ်ငန်းနှင့် အနည်းငယ် ကိုက်ညီသော ရာထူးတိုင်း အလုပ်လိုက်လျှောက်သူအစား၊ ဖော်ပြပါရာထူးအတွက် အမှန်တကယ် စိတ်ပါဝင်စားသော ဝန်ထမ်းလောင်းများနှင့် စကားပြောလိုကြပါသည်။
၎င်းအချိန်တွင် လေ့လာထားမှုများက အသုံးဝင်လာပါသည်။ ဥပမာအားဖြင့်၊ သင်၏ ပြည်နယ်အတွင်း ထိပ်ဆုံး နံပါတ်(၁) ဖြစ်လာပြီး၊ ဈေးကွက်အသစ်တို့ ဝင်ရောက်လာသည့် အာမခံကုမ္ပဏီမှ အလုပ်ခေါ်ထားသည်ဆိုပါက၊ မိမိအနေဖြင့် မိမိ၏ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အောင်မြင်မှု ရရှိရန်အတွက် ထိပ်တန်းလုပ်ငန်းရှင်တစ်ဦးဖြင့် ပူးပေါင်းလိုကြောင်းနှင့် ဈေးကွက်သစ် အတွင်း ခြေကုပ်ရယူနိုင်စေရေးကို အထောက်အကူဖြစ်စေမည့် လုပ်ငန်းအတွေ့အကြုံများ ဖလှယ်ပေးမည် ဖြစ်ကြောင်းကို ရှင်းပြပါ။
Cover Letter ကို လိုရင်းတိုရှင်းရေးပါ – သင်၏ cover letter အတွင်း မိမိအကြောင်းကို တတ်နိုင်သမျှ များများမြှင့်တင်လိုသည် မှာ သဘာဝပင်ဖြစ်သော်လည်း၊ သင်အလုပ်လျှောက်မည့်နေရာအတွက် သက်ဆိုင်သောအလုပ်များအကြောင်းကိုသာ ရေးသားပါ။ အလုပ်တာဝန်ဖော်ပြချက်တွင် ဖော်ပြထားသော လိုအပ်ချက်များကို မည်ကဲ့သို့ ဖြည့်စွမ်းနိုင်ကြောင်း အမွှန်းတင်ခြင်းကို အကန့်အသတ်ထားပြီး၊ သက်ဆိုင်ခြင်းမရှိသော လုပ်ငန်းအတွေ့အကြုံများကို ချန်ထားခဲ့ပါ။ အလုပ်ခန့်သော မန်နေဂျာအနေဖြင့် သင့်အကြောင်း ပိုမိုသိရှိလိုပါက၊ LinkedIn profile သို့မဟုတ် ကိုယ်ရေးရာဇဝင်ကို ဖတ်ရှုနိုင်မည် ဖြစ်သော်လည်း၊ ပထမအနေဖြင့် သင့်အကြောင်း ပိုမိုသိရှိလိုစိတ်ကို တူးဆွပေးရမည် ဖြစ်သည်။
စာအရေးအသားပြန်လည်စီစစ်ပေးသူ ရှိပါစေ – သင့်အား အလုပ်ခန့်အပ်ချင်စိတ်ဖြစ်စေရန် အကောင်းဆုံး အကြောင်းအရာများ ရေးသားထားခြင်း ရှိ၊ မရှိ စစ်ဆေးရန်အတွက် ယုံကြည်ရသော သူငယ်ချင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်အား သင်၏ စာကို ပြန်ဖတ်ခိုင်းပါ။ အကယ်၍ သင်အလုပ်လျှောက်မည့် ကုမ္ပဏီမှ တစ်ယောက်ယောက်က ပြန်လည်စီစစ်ပေးနိုင်မည်ဆိုပါက ပို၍ ကောင်းပါလိမ့်မည်။ ၄င်းကုမ္ပဏီတွင် လက်ရှိ အလုပ်လုပ်နေသူများအား LinkedIn group များမှတဆင့် ရှာဖွေ မိတ်ဆက်ပြီး၊ သင်၏ စာကို ပွင့်လင်းစွာ ဝေဖန်ခိုင်းပါ။ သင် ဂရုတစိုက် ရေးသားထားသော စာအား စာစီစာရိုက် အမှားများက ဖျက်စီးနိုင်သောကြောင့် မိမိရေးသားထားသော အကြောင်းအရာများအား ကျေနပ်ပြီဆိုပါက၊ သဒ္ဒါအထားအသို နှင့် စာလုံးပေါင်း မှန်၊ မမှန် စစ်ဆေးပါ။
—————-
Cover letter သည် ကုမ္ပဏီထဲသို့ သင် ဝင်ရောက်ရန် ခြေလှမ်းတစ်ခုဖြစ်ပြီး၊ သင်၏ တာဝန်သည် ၄င်းစာကို ဖတ်သူအား နောက်ထပ် ခြေလှမ်းဖြစ်သည့် ပထမဆုံး အင်တာဗျူးဖြေဆိုရန် ချိန်းဆိုခြင်းကို ပြုလုပ်ရန် သိမ်းသွင်းစည်းရုံးခြင်း ဖြစ်သည်။ စကားလုံးတိုင်းသည် သင့်အတွက် အထောက်အကူဖြစ်စေရန် ရေးသားပြီး၊ သင်၏ စိတ်အားထက်သန်မှုကို ပြသရမည် ဖြစ်သည်။
အလုပ်လျှောက်နေသူအားလုံး Cover Letter ကောင်းတစ်ခုရေးနိုင်စေရန် အသုံးဝင်မည်ဟု MyanmarJobsDB မှ မျှော်လင့်မိပါသည်။
- See more at: http://www.myanmarjobsdb.com/articles/jobsearch/how-to-write-good-cover-letter/#sthash.tg484r4p.dpuf

No comments:

Post a Comment