ဒီအကြောင့်ကို စမပြောခင် “social commerce” ဆိုတာဘာလဲ ဆိုတာကို
ပြောပြပါမယ်။ Mashable ရဲ့ ဖြေကြားချက်ကတော့ ခေတ်သစ် အွန်လိုင်းစီးပွားရေး
နဲ့ ဈေးကွက်ဟာ social networks ထဲက တစ်စိတ်တစ်ဒေသ ဖြစ်ပြီး အဲ့ဒီကမှ
တစ်ယောက် နဲ့ တစ်ယောက် ရောင်းချတဲ့ ပုံစံကို
အခြေပြုတည်ဆောက်ထားတာဖြစ်ပါတယ်။
ဒါကို “s-commerce” လို့လဲ ခေါ်ကြပါတယ်။ ဒါကတော့ တီထွင်မှု အသစ်တွေနဲ့
marketing စနစ်တွေ ပေါင်းစပ်ပြီး ဈေးရောင်းသူတွေ အတွက် အရင်းအနှီး
အကုန်အကျ နည်းပြီး အမြတ်များများ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်းပဲ
ဖြစ်ပါတယ်။ ၇၀% သော အင်တာနက်အသုံးပြုသူတွေဟာ သူတို့ရဲ့ အချိန်အများစုကို
social media တွေ အသုံးပြုပြီး တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ဆက်သွယ်ကြတာပဲ
ဖြစ်ပါတယ်။ Mobile technology တွေ အင်အားကောင်းလာတာ နဲ့ အမျှ social media
ရဲ့ အခန်းဟာ ပိုမို အားကောင်းလာပြီး အင်တာနက် လောကကို ပိုမို
လွမ်းမိုးလာနိုင်ပြီပဲ ဖြစ်ပါတယ်။
Mobile internet အသုံးပြုမှုဟာ
၂၀၁၂ နဲ့ ၂၀၁၃ ကြား ၂၄% အထိ တိုးပွားလာပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့်
လူအများစုဟာ shopping ထွက်တဲ့ အလေ့အကျင့်ကို တဖြည်းဖြည်း လျော့ချလာကြတာကို
မြင်တွေ့ရပါတယ်။ အောက်ပါ အချက်အလက်များကတော့ သင့်ရဲ့ စီးပွားရေးကို ပိုမို
ကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ့် အလွန် အသုံးတည့်မယ့် နည်းလမ်းတွေပဲ
ဖြစ်ပါတယ်။
(၁) Use Facebook, Pinterest, Twitter, and other outlets to drive sales.
မိမိဈေးဆိုင် ရဲ့ လင့်ကို ထည့်ထားပြီး promotions အသစ်လုပ်တိုင်း
ဒါမှမဟုတ် ကုန်ပစ္စည်း အသစ်ရောက်တိုင်း facebook တို့ twitter တို့
Pinterest နဲ့ အခြားသော social media တွေမှာ ပို့တွေ တင်ပြီး share
ကြဖို့ပါ။
(၂) Optimize your site for reviews and recommendations.
သင့်ရဲ့ ဈေးဝယ်သူတွေ ၊ အင်တာနက် အသုံးပြုသူတွေ ကို သင့်ရဲ့
ဆိုင်အကြောင်း နဲ့ products အကြောင်းကို reviews တို့ recommendations တို့
ရေးနိုင်အောင် ပြုလုပ်ပေးခြင်း နဲ့ ဒီလို ပြုလုပ်နိုင်အောင်
ဆွဲဆောင်စေခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ ပြီးတော့ လက်ရှိ ဘာတွေ
ဝယ်သွားကြလဲ၊ အဝယ်အများဆုံး ပစ္စည်းတွေက ဘာတွေဖြစ်လဲ ဆိုတာကိုပါ
ဖြစ်နိုင်ရင် ပြသပေးသင့်ပါတယ်။ ဒါတွေက သင့်ရဲ့ store ကို လူတိုင်းက
စိတ်ချယုံကြည်မှု ရစေပြီး ပိုမိုကောင်းတဲ့ reviews တွေရရှိစေနိုင်တာပါ။
(၃) Get Active
လက်ရှိ စစ်တမ်းအရ ၇၇% အင်တာနက် အသုံးပြုသူတွေက သူတို့
ဘာတွေဝယ်သင့်သလဲ၊ ဘာတွေဝယ်ရမလဲ ဆိုတာကို social media အသုံးပြုပြီး
ရှာဖွေကြပါတယ်။ တစ်ချို့ store တွေဟာ စစခြင်း ၃ လ ၄ မှာပဲ အရမ်း active
ဖြစ်ပြီး နောက်ကြာလာတဲ့ အခါ ဘာမှ activity တွေကို ထပ်မတင်နိုင်တော့တာပဲ
ဖြစ်ပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းအသစ်များကို တင်ပေးခြင်း၊ reviews များကို
ရေးသားချင်အောင် ဆွဲဆောင်ပေးခြင်းတို့ဟာ စားသုံးသူ အသစ်တွေကို မိမိဆိုင်ကို
လာအောင် ဖိတ်ခေါ်နိုင်တဲ့ အပြင် လက်ရှိ ရှိပြီးသား စားသုံးသူတွေကိုပါ
ထိန်းသိမ်းနိုင်မှာပဲ ဖြစ်ပါတယ်။
မင်းအနေနဲ့ ဒီလို social media တွေမှာ ရှိတဲ့ အရည်အချင်းတွေကို
အသုံးမချနိုင်ဘူး ဆိုရင် social media marketing company တွေကို
ငှားရမ်းသင့်ပါတယ်။ ဒီလို လုပ်မယ်ဆိုရင် အပင်ပန်းမခံရပဲ ကောင်းမွန်တဲ့
အဖြေတွေကိုရဖို့ စွမ်းဆောင်နိုင်မှာပါ။
Source: social media today
Posted by: Jennifer Hutson
Image Source: [Flickr/mkhmarketing]
Translated by: mmdroid
No comments:
Post a Comment