အလုပ်ရှာဖွေနေသူ တစ်ယောက်အနေဖြင့်
မည်သို့ပင် ဥာဏ်အကောင်းဆုံး နှင့် အရည်အချင်းပြည့်မီဆုံးသူ ဖြစ်နေသော်
လည်း၊ အလုပ်အင်တာဗျူးအတွက် ပြင်ဆင်ရန် လိုအပ်ပါသည်။ ဘာကြောင့် လိုအပ်တာလဲ
ဟု သင် မေးခွန်း ထုတ်ပါလိမ့်မည်။ အင်တာဗျူးဖြေဆိုခြင်းသည် သင်ယူရသော
အရည်အချင်း တစ်ခု ဖြစ်ပြီး၊ သင့်အပေါ် ပထမဆုံး ထင်မြင်ချက်ကောင်းကောင်း
ရရှိစေနိုင်ရန် ဆောင်ရွက်ဖို့အတွက် ဒုတိယအခွင့်အရေး ရရှိမည် မဟုတ်ပါ။
ထို့ကြောင့် သင်၏ အလုပ်အင်တာဗျူး ဖြေဆိုမှု အရည်အချင်းကို
မြှင့်တင်ပေးနိုင်ရန် အောက်ပါ အချက် (၁၀) ချက်ကို လေ့လာပါ။
ကိုယ်အမူအရာကောင်းအောင် လေ့ကျင့်ပါ
မိမိကိုယ်ကို ယုံကြည်မှုရှိကြောင်း
ပြပါ။ ခန္ဓာကိုယ် မတ်မတ်ရပ်ပါ။ မျက်လုံးခြင်း ဆုံအောင်ကြည့်ပါ။
လက်ဆွဲနှုတ်ဆက်သည့် အခါ ခပ်တင်းတင်းလက်ဆွဲနှုတ်ဆက်ပါ။ ပထမဆုံး မိမိအပေါ်
ထင်မြင်ချက်ရရှိစေမည့် ကိုယ်အမူအရာသည် သင်၏ အင်တာဗျုး အတွက် အစကောင်း
သို့မဟုတ် အမြန်ဆုံးသော အဆုံးသတ် တစ်ခု ဖြစ်သွားနိုင်ပါသည်။
Interview Cartoon
ယနေ့ လက်ရှိ casual dress code အရ
သင် အင်တာဗျူး ဝင်သည့်အခါ “သူတို့” ကဲ့သို့ ဝတ်စားဆင်ယင်ခွင့် မပြုထားပါ။
အင်တာဗျူး ဖြေရန်သွားသည့်အခါ မည်ကဲ့သို့ ဝတ်စားဆင်ယင်ရမည် ဆိုသည်ကို သိရန်
အရေးကြီးပြီး၊ ကောင်းစွာ ဖီးလိမ်း ပြင်ဆင်သွားရန်လည်း လိုအပ်ပါသည်။ သင်
အင်တာဗျူးသွားမည့် ကုမ္ပဏီ၏ ဓလေ့ထုံးတမ်းနှင့် သင်အလုပ်လျှောက်ထား မည့်
ရာထူးပေါ် မူတည်၍ သင့်အနေဖြင့် suit ဝတ်သင့်သလား၊ သို့မဟုတ် သိပ် formal
မဟုတ်သည်ကို ဝတ်သွားမည်လား ဆိုသည်ကို ဆုံးဖြတ်ရမည် ဖြစ်သည်။ ဖြစ်နိုင်ပါက
အင်တာဗျူး မသွားခင် ကုမ္ပဏီသို့ ဖုန်းလှမ်းဆက်ပြီး၊ ကုမ္ပဏီ၏ dress code ကို
မေးမြန်းနိုင်လျှင် ပိုကောင်းပါသည်။
နားထောင်ပါ
အင်တာဗျူးစတင်သည့်အချိန်မှစ၍
အင်တာဗျူးသူသည် သင့်အား တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ သိသင့်သည့်
အချက်အလက်များ ပြောပြပေးနေမည် ဖြစ်သည်။ ၄င်းအကြောင်းအရာများကို
မနားထောင်နေပါက၊ သင့်အနေဖြင့် ကြီးမားသော အခွင့်အရေးတစ်ခုကို
လက်လွတ်သွားမည် ဖြစ်သည်။ ကောင်းမွန်သော ပြောဆိုဆက်ဆံမှု အရည်အချင်းများတွင်
သူတစ်ပါး ပြောကြားမှုကို အာရုံစိုက်နားထောင်မှုနှင့် ၄င်းသူ
ပြောကြားနေသည်များကို သင်နားထောင်နေကြောင်း အသိပေးခြင်းတို့လည်း
ပါဝင်ပါသည်။ အင်တာဗျူးသူအား စောင့်ကြည့်လေ့လာပြီး၊ ယင်း၏ စတိုင်နှင့်
နှုန်းထား အတိုင်း လိုက်မီအောင် နေပါ။
စကားအများကြီး မပြောပါနှင့်
အင်တာဗျူးသူအား သူသိသင့်သည်ထက်
ပိုမိုပြောကြားခြင်းသည် မပြင်ဆင်နိုင်သော အမှားတစ်ခု ဖြစ်သွားနိုင်ပါသည်။
သင့်အနေဖြင့် အင်တာဗျူးဖြေဆိုရန် ကြိုတင်မပြင်ဆင်ထားခဲ့ပါက၊
အင်တာဗျူးမေးခွန်းများ ဖြေဆိုသည့်အခါ ရောက်တက် ရာရာ ပြောဆိုမိပြီး၊
ရံဖန်ရံခါတွင် အလုပ်ခန့်ချင်စိတ် ပျောက်သွားသည့်အထိ ပြောဆိုမိတတ်ပါသည်။
အလုပ်ခေါ်စာ ကို ပြန်လည်ဖတ်ရှုပြီး၊ ၄င်းရာထူးအတွက် လိုအပ်မှုများနှင့်
မိမိနှင့် ကိုက်ညီမှု ရှိသည့် အချက်အလက်များနှင့် သက်ဆိုင်သည့်
အကြောင်းအရာများကိုသာ ပြောဆိုမိစေရန် အင်တာဗျူးအတွက်
ကြိုတင်လေ့ကျင့်ထားသင့်ပါသည်။
အရမ်းမရောပါနှင့်
အင်တာဗျူးမေးသူသည်
အလုပ်စကားပြောဆိုရန် သင်နှင့် တွေ့ဆုံခြင်း ဖြစ်ပါသည်။ ယခု တွေ့ဆုံမှုသည်
သူငယ်ချင်းသစ် တစ်ယောက် ရရန်အတွက် မဟုတ်ပါ။ အင်တာဗျူးမေးသူ၏ အပြုအမူကို
လိုက်၍ သင်၏ အပြုအမူကို ထိန်းညှိရမည် ဖြစ်သည်။ အင်တာဗျူးဖြေဆိုသည့်အခါ
သွက်သွက်လက်လက်နှင့် တက်တက်ကြွကြွရှိနေရန်နှင့် မေးခွန်းများ
ပြန်လည်မေးမြန်းရန် အရေးကြီးသော်လည်း၊ သင့်အနေဖြင့် အလုပ်ရှာနေသော
သူတစ်ယောက်အဖြစ်ထက် ကျော်လွန်မှု မရှိစေရန် သတိပြုပါ။
သင့်တော်မည့် စကားအသုံးအနှုန်းကို အသုံးပြုပါ
သင်သည် အင်တာဗျူးဖြေဆိုနေချိန်တွင်
ပရိုဖက်ရှင်နယ်ဆန်သည့် စကားအသုံးအနှုန်းဖြင့် ပြောဆိုသင့်သည် ဆိုသည်ကို
အထူးပြောရန် လိုအပ်မည်မဟုတ်ပါ။ မသင့်တော်သည့် ဘန်းစကားလုံးများ၊ သို့မဟုတ်
အသက်၊ လူမျိုး၊ ဘာသာရေး၊ နိုင်ငံရေး သို့မဟုတ် လိင်ကွဲပြားမှုတို့ကို
ရည်ညွှန်းသည့် စကားလုံးများကို မပြောမိစေရန် သတိထားပါ။
၎င်းအကြောင်းအရာများသည် သင့်အား အခန်းထဲမှ
အမြန်ဆုံးနှင်ထုတ်ခံရစေနိုင်ပါသည်။
ဘဝင်မမြင့်ပါနှင့်
သင်၏ ဟန်ပန်အမူအရာသည်
အင်တာဗျူးအောင်မြင်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍအဖြစ် ပါဝင်ပါသည်။
မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ professional ဆန်ခြင်းနှင့်
သြတ္တပ္ပတရားရှိခြင်းတို့အကြား ချိန်ညှိ၍ သင့်တော်သည့် အမူအရာ ရှိနေရန်
လိုအပ်ပါသည်။ သင်၏ စွမ်းဆောင်နိုင်မှုကို ပြသရန်အတွက်
စွမ်းရည်ပြသနိုင်ချိန်တွင်ပင် မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲခြင်းသည်
ကိုယ့်ကိုယ်ကို အလွန်အမင်းချုပ်ထိန်းထားခြင်းကဲ့သို့ပင် ဆိုးဝါးပါသည်။
မေးခွန်းများ ဖြေဆိုရာတွင် သတိထားပါ။
အင်တာဗျူးသူများမှ သင့်အား တစ်စုံတစ်ခုကို ပြုလုပ်ခဲ့ချိန်အကြောင်းကို ဥပမာပေး ပြောခိုင်းပါက၊ ၄င်းတို့သည် အမူအကျင့်နှင့် သက်ဆိုင်သည့် မေးခွန်းများ မေးမြန်းနေခြင်းဖြစ်ပြီး၊ ထို မေးခွန်းမျိုးသည် အတိတ်က သင်၏ အပြုအမူကို ကောက်ချက်ချနိုင်ရန် မေးမြန်းခြင်း ဖြစ်ပါသည်။ သင့်အနေဖြင့် ဥပမာတစ်ခုခု မပေးနိုင်ခဲ့ပါက၊ သင်သည် မေးခွန်းကို ဖြေဆိုနိုင်ခြင်း မရှိရုံသာမကာ၊ သင်၏ စွမ်းဆောင်နိုင်မှုကို သက်သေပြနိုင်ပြီး၊ မိမိ၏ စွမ်းရည်များအကြောင်း ပြောခွင့်ရရှိသည့် အခွင့်အရေးကို လက်လွှတ် လိုက်ရမည် ဖြစ်သည်။
မေးခွန်းများ ဖြေဆိုရာတွင် သတိထားပါ။
အင်တာဗျူးသူများမှ သင့်အား တစ်စုံတစ်ခုကို ပြုလုပ်ခဲ့ချိန်အကြောင်းကို ဥပမာပေး ပြောခိုင်းပါက၊ ၄င်းတို့သည် အမူအကျင့်နှင့် သက်ဆိုင်သည့် မေးခွန်းများ မေးမြန်းနေခြင်းဖြစ်ပြီး၊ ထို မေးခွန်းမျိုးသည် အတိတ်က သင်၏ အပြုအမူကို ကောက်ချက်ချနိုင်ရန် မေးမြန်းခြင်း ဖြစ်ပါသည်။ သင့်အနေဖြင့် ဥပမာတစ်ခုခု မပေးနိုင်ခဲ့ပါက၊ သင်သည် မေးခွန်းကို ဖြေဆိုနိုင်ခြင်း မရှိရုံသာမကာ၊ သင်၏ စွမ်းဆောင်နိုင်မှုကို သက်သေပြနိုင်ပြီး၊ မိမိ၏ စွမ်းရည်များအကြောင်း ပြောခွင့်ရရှိသည့် အခွင့်အရေးကို လက်လွှတ် လိုက်ရမည် ဖြစ်သည်။
မေးခွန်းများ မေးပါ
အလုပ်လျှောက်သူ အများအပြားသည်
၎င်းတို့အား မေးခွန်းမေးရန် ရှိပါသလားဟု မေးသည့်အခါ “မရှိပါ” ဟု
ပြန်လည်ဖြေကြား လေ့ရှိသည်။ ၄င်းအဖြေသည် လုံးဝ မှားယွင်းပါသည်။ ကုမ္ပဏီအတွင်း
ဖြစ်ပျက်နေမှုများကို စိတ်ဝင်စားမှုရှိကြောင်း ပြသသည့် မေးခွန်းများ
မေးမြန်းရန် အသင့်ဖြစ်နေမှုသည် အင်တာဗျူးဖြေဆိုနည်းအား သိရှိနားလည်မှုတစ်ခု
အဖြစ် ပါဝင်ပါသည်။ မေးခွန်းများ မေးခြင်းဖြင့် ၄င်းအလုပ်နေရာသည် သင့်အတွက်
သင့်တော်သည့် အလုပ်တစ်ခု ဟုတ်၊ မဟုတ် သိရှိခွင့်ရမည့် အခွင့်အရေးတစ်ခုလည်း
ဖြစ်ပါသည်။ အင်တာဗျူးနေချိန် သင့်အား မေးမြန်းသည့် မေးခွန်းများကို
သေချာနားစိုက်ထားပြီး၊ ပိုမိုသိရှိလိုသော အချက်အလက်များကို
မေးမြန်းခြင်းဖြင့် အကောင်းဆုံး မေးခွန်းများ သင် မေးမြန်းသွားနိုင်မည်
ဖြစ်သည်။
အလုပ်အရမ်းလိုချင်နေကြောင်း မပြသပါနှင့်။
“ကျွန်တော်/ကျွန်မကို ကျေးဇူးပြု၍
အလုပ်ခန့်ပေးပါ” ဟူ၍ အင်တာဗျူးဖြေဆိုမှုကို စတင်ချဉ်းကပ်ပါက၊ သင်သည် အလုပ်
အရမ်းလိုအပ်နေကြောင်း ပြသနေပြီး၊ ယုံကြည်မှုလျော့နည်းသည့်ပုံ ဖြစ်စေပါသည်။
အင်တာဗျူး ဖြေဆိုနေချိန်တွင် ဤ အချက် (၃) ချက်ကို သတိရပါ –
အေးအေးဆေးဆေးရှိပါ။ တည်ငြိမ်မှု ရှိပါ။ မိမိကိုယ်ကို ယုံကြည်မှု ရှိပါ။ (3 Cs
= Cool, Calm and Confident) သင်သည် ယခုအလုပ်ကို လုပ်နိုင်ကြောင်း
ကိုယ့်ကိုယ့်ကို ကောင်းကောင်းသိရှိသည် မဟုတ်လား။ အင်တာဗျူးသူ အနေဖြင့် သင် ဤ
အလုပ်ကို လုပ်နိုင်ကြောင်း သိရှိစေရန် ပြသပါ။
Reference: Monster Career Advice
No comments:
Post a Comment